Ep~23

7.6K 410 45
                                    

Uni

လွန်ခဲ့သောရက်အနည်းငယ်ခန့်က........

စားပွဲပေါ်မှာ စုပုံနေသော စာရွက်စာတမ်းတွေကို တစ်ခုပြီးတစ်ခု စစ်ဆေးနေရင်း ဖုန်း၀င်လာတာကြောင့် ဘေးနားမှာ အသင့်ချထားသည့် ကော်ဖီခွက်ကို တစ်ငုံမော့သောက်လိုက်ရင်း ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို... မအေးအေးသိန်းလား"

တစ်ဖက်က ဖုန်းဆက်လာသူက ကိုယ်ပိုက်ဆံပေးပြီး ခိုင်းထားသည့် ထောင်စောင့် တစ်ယောက်ဖြစ်နေတာကြောင့် အသံခပ်မာမာနဲ့ပဲ...

"အင်း..ဟုတ်တယ် ပြော .. ဘာကိစ္စရှိလို့လဲ"

"ကိစ္စကတော့... အစ်မ စောင့်ကြည့်ခိုင်းထားသည့် ကောင်လေးကို...ဒီနေ့ အစ်မသမီး ထောင်၀င်စာလာတွေ့လို့ အစ်မကို လှမ်းအသိပေးတာ"

"ဘာ!!သေချာလား ငါ့သမီးဆိုတာ"

"သေချာတာပေါ့ အစ်မရဲ့.... အစ်မကိုယ်တိုင် ကျွန်တော့်ကို သူ့ပုံပေးထားပြီး သူလာရင် သတင်းလှမ်းပို့လို့ ပြောထားတာပဲ။ ကျွန်တော် အစ်မဖုန်းထဲကပို့ပေးထားတဲ့ ပုံနဲ့သေချာ တိုက်ကြည့်ပြီးသေချာမှ အစ်မဆီ ဖုန်းလှမ်းဆက်တာပေါ့"

"ဘယ်အချိန်ကလာတွေ့သွားတာလဲ"

"နေ့လယ်ပိုင်းလောက်က လာတွေ့သွားတာအစ်မ"

"အေး.. ဒါဆို နောက်နေ့တွေ့ထပ်လာရင်လည်း ငါ့ဆီ ဖုန်းဆက်ကြားလား"

"ဟုတ်ကဲ့ အစ်မ"

"အေး.. ဒါဆို ဖုန်းချလိုက်တော့မယ်.. ငါအခု အလုပ်ရှုပ်နေလို့"

"ဟို.. ခဏနေပါဦးအစ်မရဲ့...ကျွန်တော့်ကို လက်ဖက်ရည်ဖိုးလေး ဘာလေး လာမပေးတော့ဘူးလား"

"ငါနင့်ကို လတိုင်းပိုက်ဆံပေးနေတာပဲလေ ... ဘာထပ်လိုချင်သေးလို့လဲ"

"ဒီလိုပါအစ်မရယ်...အခုတလော ကျွန်တော် အောက်ဆိုက်ရှာမရလို့.. ဘိုင်ပြတ်နေလို့... ဒီလတော့ ဘောနပ်လေးထပ်ပေးပါ။ အစ်မခိုင်းတဲ့အတိုင်း ကျွန်တော် သေချာစောင့်ကြည့်ပေးနေတာပဲလေ"

"ဒါဆိုလည်း.. မနက်ဖြန်ကျ လူကြုံနဲ့ ပိုက်ဆံထည့်ပေးလိုက်မယ်"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now