Ep~4

8.8K 376 6
                                    

Uni

တစ်လလောက် တက္ကသိုလ်တက်ပြီးတဲ့ အချိန်မှာတော့ နွေးဟာတက္ကသိုလ်ကျောင်းသူစစ်စစ်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။

အရင်လို ငဒူ ငအ နေခြည်နွေး မဟုတ်တော့ဘဲ နည်းနည်းပါးပါး လူရည်လည်လာသည်။ မြို့ထဲကိုလည်း ကျွမ်းကျွမ်းကျင်ကျင် လျှောက်သွားတက်လာပြီး အပေါင်းအသင်းတွေလည်း များလာသည်။ တစ်ခါတစ်ရံဆို အတန်းချိန်လစ်ပြီး သူငယ်ချင်းတွေနှင့်အတူတူ ရုပ်ရှင်တောင် သွားကြည့်လိုက်သေးသည်။

တက္ကသိုလ်ကျောင်းသူဘ၀ဆိုတာကြီးကို လွတ်လွတ်လပ်လပ် အပြည့်အ၀ခံစားနေပြီး လောကကြီးကို စူးစမ်းကြည့်နေသည်။ သို့သော် ရည်းစားသနာ ကိစ္စအရှုပ်အရှင်းတော့မရှိ။ သူငယ်ချင်းတွေနဲ့ လျှောက်သွားပျော်ပါးစားသောက်ဖို့တစ်ခုတည်းသာ အာရုံထားသည်။

ဒီနေ့လည်း အတန်းချိန်ပြီးတာနဲ့ ရန်ကုန်တက္ကသိုလ်ဘက်ကို ခြေဆန့်ဖို့ ဟန်ပြင်နေကြသည်။ ဒီနေ့ရန်ကုန်တက္ကသိုလ်ဘက်မှာ စျေးရောင်းပွဲတော်တစ်ခုကျင်းပမယ်လို့ သတင်းရထားသည်။ မေဂျာအသီးသီးက မတူညီတဲ့ မုန့်တွေကို စျေးသက်သက်သာသာနဲ့ ရောင်းချမည်ဟု ဆိုသည်။ ဒါကြောင့် မနေ့ကတည်းက ရန်ကုန်တက္ကသိုလ်မှာရှိသည့် သူငယ်ချင်းတစ်ယောက်ကို  စျေးရောင်းပွဲတော်က မုန့်စားကတ်တွေ ကြိုတင်၀ယ်ခိုင်းထားသည်။

ထိုသူငယ်ချင်းက စောစောက ဖုန်းလှမ်းဆက်သည်။ စျေးရောင်းပွဲတော်စနေပြီမို့ နွေးကို အမြန်လာဖို့ ဆော်သြသည်။ ဒါကြောင့် ရတီနှင့် နွေးနဲ့ အတန်းချိန်ပြီးကတည်းက ရန်ကုန်တက္ကသိုလ် ရှိရာဘက်အခြမ်းကို အ​မြန် လျှောက်လာခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နှင့် YUFL က သိပ်မဝေးတာမို့ စကားတပြောပြောနဲ့ လမ်းလျှောက်ပြီးသာ လာခဲ့ကြလိုက်သည်။

"ဟိတ်!!! "

ယောကျာ်းလေးတစ်ယောက်၏ ခေါ်သံကြောင့် နွေးတို့ နှစ်ယောက်စလုံး အနောက်ကို လှည့်ကြည့်လိုက်ကြသည်။

နွေးတို့ လှည့်ကြည့်လိုက်တော့ အနောက်ဘက်ခပ်လှမ်းလှမ်းကနေ လိုက်လာသည့် ထိုလူက နွေးတို့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး  စပ်ဖြဲဖြဲ ပြီတီတီရုပ်လုပ်ပြသည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now