Ep~24

7.4K 417 33
                                    

Uni

နွေး စာမေးပွဲဖြေပြီးတာနဲ့ ကျောင်းဂိတ်အပေါက်၀ဆီတန်းနေအောင် ပြေးတော့သည်။

စာအုပ်တစ်အုပ်ပဲထည့်ထားတာကြောင့် ပေါ့ရွှတ်နေသည့်လွယ်အိတ်ကလေးကို လက်နှစ်ဖက်ပိုက် ပိုက်ထားရင်း ကိုကြီးကို လိုက်ရှာနေမိသည်မှာ ကလေးလေးတစ်ယောက်လိုပင်။

ကိုကြီးနဲ့မတွေ့ရသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်တာကြောင့် နွေးမှာ မရူးရုံတမယ်....။

ကိုကြီးကို တွေ့တာနဲ့ ရင်ခွင်ထဲပြေး၀င်ပြီး  တင်းတင်းကြပ်ကြပ် ဖက်ထားပစ်လိုက်မယ်လို့  အားခဲရင်းသာ ကိုကြီးရဲ့ကားကို လိုက်ရှာမိတော့သည်။

*ဟော.. တွေ့ပါပြီ.. နွေးရဲ့ကိုကြီးကို*

ကိုကြီးကကားကအခုမှ ကျောင်းရှိကိုဦးတည်ပြီးမောင်းလာတာဖြစ်ပြီး... ကားလမ်းဘေး ပလက်ဖောင်းပေါ်ကနေ နွေးက လက်လှမ်းပြလိုက်တော့ နွေးရဲ့ဘေးနားမှာ ကားထိုးရပ်လိုက်သည်။

နွေးမှာ ကိုကြီးကိုတွေ့ရတော့မယ်ဆိုတာကြောင့် ပျော်ရွှင်မြူးထူးပြီး ကားထဲကို အမြန်၀င်ထိုင်လိုက်တော့သည်။

"ကိုကြီး... "

ကားထဲရောက်ရောက်ချင်းပြီး ကိုကြီးရဲ့ လက်မောင်းကို ဆွဲဖက်ကာ နွေးရဲ့ပါးဖြင့်ကပ်ထားလိုက်သည်။

*အားးမွှေးလိုက်တဲ့ စီးကရက်နံ့လေး*

ကိုကြီးရဲ့ကိုယ်သင်းရနံ့လို့တောင်ပြောလို့ရသည့် စီးကရက်နံ့က နွေးရဲ့ နှာဖျားထဲတိုး၀င်လာပြီး ခဏတာမိန်းမောသွားစေသည်။

တစ်ချိန်က နွေးကိုယ်တိုင်ပဲ ကိုကြီးကို စီးကရက်မသောက်ဖို့တားမြစ်ခဲ့တာကြောင့် ကိုကြီးက စီးကရက်ကိုရအောင်ဖြတ်ခဲ့ပေမဲ့ ယခုနောက်ပိုင်းတော့ကိုကြီးက အပျင်းပြေဆိုပြီး တစ်လိပ်စ နှစ်လိပ်စပြန်သောက်လာသည်။ တစ်နေ့ကို တစ်လိပ်လောက်သောက်တာ​တော့ နွေးလည်း အပြစ်ပြောမနေတော့ပဲ ခွင့်ပြုပေးလိုက်သည်။ နွေးကိုယ်တိုင်ကလည်း ကိုကြီးဆီကရတဲ့ စီးကရက်အနံ့ဆို စွဲလမ်းနေမိတာပဲ မဟုတ်လား။

အထူးသဖြင့်  ကိုကြီး စီးကရက်သောက်ပြီးကာစအချိန် ကိုကြီးရဲ့ဆီကရတဲ့အနမ်းလေးတွေကိုပေါ့။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now