Ep~17

8.6K 442 21
                                    

Uni

*ဟိဟိ...*

"ဘာတွေ ဒီလောက်အထိသဘောကျနေတာလဲ"

အိမ်အပေါက်၀မှာ တစ်ယောက်တည်း အူမြူးနေစဥ် ဖွားဖွားက အနားရောက်လာတာကြောင့် မျက်နှာပိုးမနည်းပြန်သတ်လိုက်ကာ....

"ဘာမှမဟုတ်ပါဘူး.. ဖွားဖွားရဲ့။ ညကကြည့်ထားတဲ့ ရုပ်ရှင်ကားထဲက ဟာသကိုပြန်စဥ်းစားမိပြီး ရယ်နေတာ"

"ဒါနဲ့ ဟိုကောင်လေးပြန်သွားပြီလား... ကော်ဖီတောင် ကုန်အောင်မသောက်သွားဘူး"

"အင်း... အလုပ်ကိစ္စရှိသေးလို့တဲ့ ... စောစောကပဲပြန်သွားပြီ"

"ဒါဆိုလည်း  အိမ်ထဲ၀င်တော့... အပြင်မှာ လေစိမ်းတွေတိုက်နေတယ် .. တော်ကြာနေပြန်ဖျားနေဦးမယ်"

"ဟုတ်ကဲ့"

ဖွားဖွားပြုတ်ပေးထားတဲ့ ခေါက်ဆွဲပြုတ်ပူပူကို မှုတ်သောက်ရင်း ကိုကြီး၀ယ်လာပေးတဲ့ ကိတ်မုန့်ကို တစိမ့်စိမ့် ထိုင်ကြည့်ကာ ပြုံးစိစိဖြစ်နေတော့သည်။

နောက်ပြီး စတော်ဘယ်ရီကိတ်အပြင် ကိုကြီး၀ယ်လာပေးတဲ့ မုန့်တွေအားလုံးက နွေးကြိုက်တဲ့ မုန့်တွေချည်းပဲပင်။

*ကိုကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ*

နွေးရဲ့ အကြိုက်တွေကို မှတ်ထားသည့်အပြင် နွေးကိုလည်း ဂရုစိုက်ပေးလို့ ပီတိဖြစ်ရပြန်သည်။

ကိုကြီးအကြောင်းတွေးရင်း စားလိုက်တာ ခေါက်ဆွဲပြုတ် တစ်ပန်းကန်က ခဏလေးနဲ့ကုန်သွားတော့သည်။ မနေ့ကဆိုရင် တစ်ဇွန်းကိုမနည်းစားယူရသည်။

*သြော်... ကိုကြီးအစွမ်းအံ့မခမ်းပါလား*

"ဖွားဖွားရေ... နွေး.. စားလို့ကုန်သွားပြီ။ ဆေးသောက်တော့မယ်"

"အေး.. ဖွားဖွားလာပြီ"

ဖွားဖွားက ဆေးထုပ်ကလေးကိုင်ကာ နွေးဆီလာပြီး .... ပြောင်သလင်းခါနေသည့် ခေါက်ဆွဲပြုတ်ပန်းကန်ကိုကြည့်ကာ....

"ဒီနေ့တော့ အစားစား၀င်ပြီပေါ့"

"ဟုတ်... နွေး... နေမြန်မြန်ပြန်ကောင်းချင်ပြီ.. ဖွားဖွားရဲ့"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now