part 8💔/1/

2.6K 242 58
                                    

*Unicode*

9 လပိုင်း 1 ရက်နေ့။
တစ်နည်းအားဖြင့် သူ့မွေးနေ့။

မနက်အာရုံတက်နေထွက်ချိန်မှစလို့
လေးပင်နေတဲ့စိတ်က ဘာကြောင့်များပါလိမ့်။
နှစ်တိုင်းလိုအထီးကျန်နေခဲ့တဲ့ မွေးနေ့မှာ Darling ဟာလဲ
အမှတ်ရကာအဖော်ပြုပေးလိမ့်မည်ဆိုတာ
သိပ်စိတ်ကူးယဥ်ဆန်လွန်းသည်မဟုတ်လား။

သူ့အတွက်မွေးနေ့ဆိုတာ သာမာန်နေ့ရက်တေလိုပါပဲ။
အသက်တစ်နှစ်ကြီးသွားတာကလွဲလို့ပေါ့။
အသက်ကပေးတဲ့တာဝန်အနေနဲ့ Darling ကို
23 နှစ်ပြည့်ချိန်မှာ 22 နှစ်တုန်းကထက်သာလွန်တဲ့ချစ်ခြင်း
ပေးဆပ်ခြင်း အနှစ်နာခံခြင်းတေနဲ့ ဆက်ပြီးချစ်ဖို့။

ငါ့အချစ်ထုထည်ဘယ်လောက်ကြီးမားလဲ
မင်းပိစိလေးပဲဖြစ်ဖြစ်
သိထားပေးရင်ငါအများကြီးပျော်မှာ Darling။
ကိစ္စမရှိပါဘူး
ငါအများကြီးချစ်ပြမှာမို့ကျိန်းသေပေါက် မင်းတွေ့မှာပါ။

*know know*

အဆက်မပြတ်မြည်တီးလာသော လူခေါ်ဘဲလ်သံကြောင့်
ဂျွန်ဂျောင်ဂုမျက်မှောင်အနဲငယ်ကြုံလိုက်မိသည်။
မနက်အစောကြီးရှိသေးသည်ကို ဘယ်သူကများ
သူ့စီလာရသည်လဲ။


တံခါးဖွင့်ပေးရုံမျှရှိသေး အတင်းတိုးဝင်ရောက်တဲ့
အနက်ရောင်ဝတ်စုံတွေဖြင့်
ထောင်ထောင်မောင်းမောင်းလူတစ်စုကြောင့်
လန့်ဖြန့်သွားရသည်။ နောက်မှဝင်လာသည့်
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး။
ဝတ်စားထားပုံကြည့်ခြင်းဖြင့်အသိုင်းဝိုင်းကြီးကထင်ပါရဲ့။

ဂျွန်နှင့်သိမနေဘဲ ဘာအကြောင်းကြောင့်ဂျွန့်စီလာရသည်လဲ။

"ခင်ဗျားတို့ဘယ်သူတွေလဲ!!"

"သားငယ်..မာမီလေ။
သားရဲ့မေမေလေ "

ထိုအမျိုးသမီးက
သူ့ရင်ဘတ်သူပုတ်ပြရင်းမျက်ရည်လဲ့စွာဆိုသည်။

"မာမီ? မေမေ?..."

နားမလည်စွာ တိုးလျလျရည်ရွတ်မိလေတော့
ထိုလင်မယားဖြစ်ဟန်တူသော
ထိုအမျိုးသမီးနှင့်အမျိုးသားကခေါင်းတဆတ်ဆတ်ငြိမ်ပြသည်။

Sour Candy (Complete) Where stories live. Discover now