part 16💔/1/

2.7K 276 67
                                    

*Unicode*

တစ်ဖက်သတ်ချစ်ခြင်းသာပါဝင်တဲ့
ဆက်ဆံရေးတစ်ခုမှာ နောက်လူရောက်လာရင်
ပထမလူဖြစ်တဲ့ကိုယ်တိုင်က အလိုလိုနေရင်း
ဒုတိယနေရာရောက်သွားတက်ကြတာ
သဘာဝများလား။

ငါမင်းကိုအရင်ရှာတွေ့ခဲ့တာ။
ဒါမဲ့လေ နောက်မှရောက်လာတဲ့သူမက
မင်းကိုပိုင်သွားတယ်တဲ့ ဘယ်နေရာကစပြီး
မှားသွားရတာလဲ။ အေးစက်လွန်းတဲ့မင်းက
သူမအပေါ်နူးညံ့နေလိုက်တာများ ငါ့ရင်တေကွဲမတက်။

စုတ်လဲစူး စားလဲရူးဒီဘဝမှာ
မင်းကိုစွန့်လွှတ်လိုက်ချင်ပြီ...။
အရှုပ်အထွေးတချို့ဖြည်ပြီးတာနဲ့
ငါဟာမြူခိုးတေလိုပျောက်သွားပေးမယ် Darling။

"မြောင်! Darling ကလေ
သူမအတွက်နှလုံးက
ဂျွန့်စီကယူရမှာဆိုတာမမှတ်မိဘူးတဲ့!
ထူးဆန်းမနေဘူးလား"

"......"

"မြောင်ဘယ်လိုထင်လဲ ဂျွန်ကတော့
ကင်မ်နီဝန်းကို သံသယရှိတယ်...
ဂျွန့်နှလုံးကိုတောင်းဆိုနေတဲ့
ကင်မ်နီဝန်းဖုန်းထဲက အသံဖိုင်က
Darling အသံမဟုတ်ဘူးလို့ထင်နေတယ်မြောင်..."

အပြာရောင်မီး၏အလင်းရောင်သာ
ကြီးစိုးလျက်ရှိနေသည့် club ရှိ
VIP room အတွင်း စကားပြောနေသည့်
ဂျောင်ဂုနှင့် မြောင်ဆိုသော
ဆိုဖာတွင်အိပ်နေသောလူတစ်ဦး။

မွှန်းကြပ်မှုကြောင့် လာတိုင်ပင်သော်ငြား
အဖက်ပင်မလုပ်တော့ ဝမ်းနည်းနေသည့်
စိတ်ကပို၍ဝမ်းနည်းရပြန်သည်။

"စုံစမ်းထားလိုက်မယ်!"

အသံဩဩလေးရဲ့အဆုံး
ငြိုးငယ်နေသောမျက်ဝန်းလေးက
အရောင်တလက်လက်နှင့် ဝိုင်းစက်လာကာ
မြောင်ဆိုသောအမျိုးသားသည်လဲ
အိပ်နေရာမှထထိုင်လာသည်။

သိတာပေါ့ မြောင်ကဂျွန့်ကိုဝမ်းမနည်းစေမှန်း။

"ငိုထားပြန်တာလားမင်း..."

အစ်ဖောင်းနေသောမျက်အိမ်
ရဲတက်နေသောမျက်ခမ်းစပ်တို့က
ငိုထားသည်မှန်းသိသာနေရက်သား ခေါင်းရမ်းကာ
မငိုပါဘူးဟု ထိုကလေးကလိမ်ညာပြန်သည်။

"ဟင့်အင်း...မငိုပါဘူး"

"မျက်ရည်တော့ထွက်ထားတယ်ပေါ့လေ..."

Sour Candy (Complete) Where stories live. Discover now