part 22💔

3K 246 53
                                    

*Unicode*

"Darling...!! "

လေထုနဲ့အတူပျံ့လွင့်လာတဲ့
ခပ်စူးစူးအသံလေးကြောင့်
ထယ်ယောင်းမျက်ရည်များကြားမှ နားနှစ်ဖက်အား
လက်ဖြင့်အုပ်ကာ ခေါင်းအသွင်သွင်ခါမိသည်။
နေရာတိုင်းမင်းကိုမျက်နှာလေးကိုပဲမြင်
မင်းအသံကိုပဲကြားယောင် ကိုယ်ရူးတော့မယ် ကူးရဲ့။

မင်းချည်ခဲ့တဲ့အချစ်ကြိုးတွေကြားနှစ်ပြီး
ရုန်းမထွက်နိုင်အောင် မွန်းကြပ်နေပြီ။
သိပ်ချစ်တာ သိပ်ချစ်တယ်
ဘယ်အတိုင်းအတာထိချစ်ကြောင်း မင်းကိုဖွင့်ဟချင်တာ...
လေးပင်ပင်ခစားချက်တွေဖွင့်ဟပစ်မှ
သက်သာမည်ထင်ပါရဲ့...။

"ချစ်တယ်...အများကြီးချစ်တယ် ကူး..ကိုယ်ရဲ့ကူးငယ်"

"Darling လို့!..ငါလည်းချစ်တယ်"

ထပ်မံလွင့်ပြယ်လာသော
အသံလေးကနားစည်ထက်ရိုက်ခတ်လာပြန်သည်။
မင်းများရှိနေလေမလားအသိဖြင့်
ထရပ်ကာ ပန်းခြံထဲဝေ့ဝဲရှာမိသည်။

မင်းဆိုတဲ့စိတ်လေးနဲ့တင်
ကိုယ်ဟာအသိစိတ်လွတ်သွားပြန်ပြီ။
ပန်းခြံအတွင်းပြေးလွှားကာ အသံပိုင်ရှင်အား
အမောနိုင်မပန်းနိုင်ရှာဖွေနေသည့်တစ်လျှောက်
ပတ်ဝန်းကျင်ရဲ့အကြည့်တို့အားဂရုမစိုက်ခဲ့။

သေချာကြားလိုက်တာ...
ရှင်းရှင်းလင်းလင်းကိုကြားခဲ့တဲ့အသံက အနားတစ်ဝိုက်ကပင်။

"ကူး...မင်းဘယ်မှာလဲ!..ကိုယ်သိတယ်
မင်းရှိနေတာကိုယ်သိတယ် ထွက်ခဲ့ပါကွာ..."

မကုန်နိုင်သောစိတ်ပျက်စရာမျက်ရည်တို့ကြောင့်
မျက်စိရှေ့မြင်ကွင်းတို့ကဝေဝေဝါးဝါး။
မိခင်ပျောက်သည့် ကလေးပမာ အပူပင်တကြီး။

ရင်ဘတ်တွေပေါက်ထွက်မတက်ကို
တောင့်တနေတာ အပိုတွေလုပ်ပြနေတာမှမဟုတ်တာ။
ရူးမတက်ရင်ကွဲနာကျနေတာ
ဟန်ဆောင်ခြင်းတွေတစိုးတစိမျှရှိမနေခဲ့။
ကျခဲ့တဲ့မျက်ရည်တွေ
ဟက်တက်ကွဲနေတဲ့နှလုံးသားမှ ယိုဖိတ်လာကြောင်း...။

ဖုန်းထဲမှ ကြယ်တွေစီဆုတောင်းနေသည့်
ပုံရိပ်လှလှလေးအား ထုတ်ကာ နှင်းမှုန်တို့ကြား
မျက်ရည်စတွေအား အကြမ်းပတမ်းဆွဲသုတ်ရင်း
ကင်မ်ထယ်ယောင်းသည် တွေ့ရနိုးနိုးထပ်ရူးမိပြန်သည်။

Sour Candy (Complete) Where stories live. Discover now