part 23🌱/1/

2.9K 258 67
                                    

*Unicode*

ဆောင်းကုန် နွေပြောင်း ရွက်ဟောင်းကြွေရွက်သစ်နု နေ့ကိုရက်စား ရက်ကိုလစား အရာရာအသစ်သစ်ပြောင်းလဲနေပြီ။ ( 5 ) နှစ်ဆိုတဲ့အချိန်အတွင်း သေဆုံးသွားသောနှလုံးသားနှင့် ကင်မ်ထယ်ယောင်းဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်၍နေပြီ။

ဒီအချိန်တွေအတွင်း စိတ္တဇဆေးရုံကြီးမှာ ဆေးကုသခံနေခဲ့ရပြီး ပံုမှန်အခြေအနေပြန်ရောက်လာသည့်အခါ တစ်စီကွဲနေသောနှလုံးသားအား ဖံုးကွယ်ရန် အေးစက်တဲ့မျက်နှာဖံုးတပ်ကာ စီးပွားရေးလောကထဲခြေစံုပစ်ဝင်၍ ကူးစိတ်ကိုခဏပျောက်သွားစေရန် အလုပ်တွေသာဖိလုပ်ရင်း အချိန်တွေ့တရွေ့ရွေ့ကုန်ဆံုးစေသည်။

ကူးသာရှိရင်* Darling ရယ်အလုပ်တွေခဏရပ်ပြီး နားဦးမှပေါ့ * ဆိုပြီး မရဲတရဲနဲ့တားဦးမှာမြင်ယောင်ပါတယ်။ လွမ်းတယ် မိနစ်တိုင်း စက္ကန့်တိုင်း...ဒီနေ့ဒီချိန်ထိ မင်းထားခဲ့တယ်ဆိုတာမယံုနိုင်သေးဘူး လက်မခံနိုင်သေးဘူး ကူးရာ...။

" ဥက္ကဌကင်မ်...!"

"အွန်း"

"ပရောဂျက်အသစ်အောင်မြင်တဲ့ အထိန်းအမှတ်အနေနဲ့ New York ကို...."

"ငါမသွားဘူး ငြင်းလိုက်! "

ကူးအငွေ့အသက်ပြည့်နေတဲ့ ဒီမြေကနေထွက်ခွာဖို့ဆိုတာ သိပ်ဝန်လေးလွန်းတဲ့ အရာတစ်ခု။

"အဲ့လိုမဖြစ်ဘူး ဥက္ကဌ...CEOပတ်ခ် ကအကုန်စီစဉ်ပေးပြီးသွားပါပြီ နောက် 3 နာရီလောက်လေယာဉ်တက်ရပါမယ္"

"ငါမသွားဘူးပြောနေတယ်လေ! "

"သွားလိုက်ပါ...ဒီပရောဂျက်အတွက် CEOပတ္ခ္ အများကြီးကြိုးစားအားထုတ်ထားတာ ဥက္ကဌအမြင်ပဲလေ သူငယ်ချင်းစိတ်ချမ်းသာအောင် ဥက္ကဌစိတ်အနားပေးတဲ့အနေနဲ့ အပန်းဖြေသွားသင့်ပါတယ် "

"မင်းသွားတော့ ! "

ရှုပ်ထွေးသွားသောစိတ်တေွက လွန်ခဲ့တဲ့ 5 နှစ်ကတည်းက မွန်းကြပ်နေခဲ့တာ...သူ့အပန်းဖြေဖို့ ဘယ်မှသွားစရာမလိုဘူး ကူးရှိရင်ရနေပြီလေ ကူးရင်ခွင်ထဲတိုးဝင်ပြီး လက်ချောင်းထွေးထွေးလေးတွေ ဆံသားကိုပွတ်သပ်ပေးလာရင် ပင်ပန်းမှုဆိုတာ ရူးပစ်သလိုပျောက်သွားလိမ့်မည်။

Sour Candy (Complete) Where stories live. Discover now