part 8💔/2/

2.6K 241 112
                                    

*Unicode*

1.9.2022
12:48 PM


ဒယ်ဂူ-ဆိုးလ် အမြန်လမ်းမကြီးထက်
အပြင်းထန်ဆုံး ar accident ဖြစ်ပွားရား
နှစ်ဦးနှစ်ဘက်လုံးဒဏ်ရာအပြင်းအထန်ရ၍
အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိ။ အဆိုပါသတင်းသည်
မိနစ်ပိုင်းအတွင်းပြန့်နှံ့လာကာ
ယာဥ်တိုက်မှုဖြစ်ပွားသူတို့အား
ဆိုးလ်ဆေးရုံကြီးသို့ပို့ပေးလိုက်ပြီဖြစ်ကြောင်းနှင့်
အုပ်ထိန်းသူတေဘက်မှ အမြန်ဆုံးဆေးရုံသို့လာပေးကြရန်
သတင်းတို့ကတလူလူ။

^ဒိတ်ဒိတ်ကျဲ DS Company ရဲ့
အမျိုးသမီး CEO ဒေစီယာ ဒယ်ဂူမှ
ဆိုးလ်သို့အပြန် ကုန်တင်ဆောင်သည့်ကားကြီးဖြင့်
ယာဥ်တိုက်မှုပွားရာ အသက်အန္တရာယ်အလွန်စိုးရိမ်ရသည်
ဟု သက်ဆိုင်ရာ ဆရာဝန်များမှပြောကြား^

^လက်ထက်ပွဲနီးခါမှ
ဖြစ်ပျက်သွားတဲ့ကိစ္စရပ်တွေက
မှင်သက်ဖို့ကောင်းလွန်းပါတယ်။
CEO ဒေစီယာရဲ့ သတို့သားလောင်း
မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။
မဒမ်ဒေစီယာအမြန်ဆုံးသက်သာလာပါစေလို့
ကျွန်တော်တို့သတင်းဌာနမှ တောင်းဆုပြုပေးနေပါတယ်။^

လိုင်းတက်တက်ခြင်းမြင်တွေ့လိုက်ရသည့်သတင်းက
ဂျွန့် ကိုအံ့အားသင့်စေသည်အမှန်။

DS Company's CEO daisyar ဆိုတာ
Darling သတို့သမီးလောင်းမဟုတ်လား။
အို...သဘောကောင်းထက်မြက်လွန်းတဲ့
အမျိုးသမီးကိုမှကံကြမ္မာကြီးကရက်စက်လိုက်တာများ။

သူမကို ဂျွန်မမုန်းပါဘူး။
မုန်းလို့မရသည်ဆိုပိုမှန်မည်ထင်ပါရဲ့။
ဒီတိုင်းလေးအားကျမိရုံသာ။
Darling သဘောကျသည့်သူမကိုသိပ်အားကျမိသည်လေ။
တကယ်အမုန်းနဲ့ထိုက်တန်တာ
ဂျွန်ဂျောင်ဂု ဆိုတဲ့ကျွန်တော်!
ဆိုင်သူရှိပြီးသား အမျိုးသားကိုတွယ်ကပ်နေမိတဲ့
ဂျွန့်ကိုသာ အစ်မဒေစီယာမုန်းရမှာ။

Darling အခုဝမ်းနည်းနေမည်ထင်ပါရဲ့။
ပြေးပြီးနှစ်သိမ့်ပေးချင်သော်လည်း
ကိုယ်ကမျက်နှာပြောင်တိုက်သလိုဖြစ်နေမည်လည်းစိုးသည်။
သတို့သမီးလောင်းကအရေးပေါ်ဖြစ်ချိန်
သတို့သားလောင်းရဲ့လူမသိသူမသိတွဲနေတဲ့သူက
သတို့သားလောင်းကိုနှစ်သိမ့်ပြီး
မျက်နှာလာလုပ်နေပါတယ်ဆိုပြီး
သူ့ကိုပြစ်တင်ရှုံ့ချကြမည်မဟုတ်လား။

Sour Candy (Complete) Where stories live. Discover now