part 30💔

3.1K 257 63
                                    

*Unicode*

လည်တိုင်တွေပြင်းပြင်းထန်ထန်စုပ်ယူခံရခြင်းတွေ...သည်အမျိုးသားကို အားသုံးတွန်းဖယ်လျှင်နာသွားမည်စိုးသည့် မသိစိတ်တွေနှင့် Jeykay ဟာရုန်းကန်ခြင်းအဆင့်ထိသာပြုခဲ့သည်။ ခါးထက်မှနယ်ကျွံ့လာသောလက်တွေ ဘယ်ကိုသွားလို့ဘယ်စီဦးတည်နေမှန်း Jeykay လိုအပေအတေတစ်ယောက်က အတပ်သိတာပေါ့။

မနှစ်မြို့ဘူးဆိုသည်ထက် မလိုလားဘူး...ဒီအနမ်းကြမ်းတွေ အထိအတွေကြမ်းကြမ်းတွေ အတိတ်စီကနာကျင်မှုတွေ ကပ်ကပ်လာသည့် ဂဟေစပ်ခြင်းအမှု မလိုလားပေဘူး။ အဆက်ဟောင်းနဲ့ရုပ်ဆင်သည်တစ်ခုတည်းနဲ့ ကုတင်ပေါ်တင်အစားထိုးခံရအောင် ဂျေကပေါပေါပဲပဲဟုတ်မနေဘူး...သို့ပေမဲ့ သို့ပေမဲ့ သူ့အပေါ်ယစ်မူးနေတဲ့အမျိုးသားကိုလည်း နာကျင်သွားအောင်မလုပ်ရက်တဲ့အထိ ဘယ်အရာတွေကတွေဝေစေနေတာလဲ။

တွန်းဖယ် ဆွဲထိုးပစ်ရမဲ့ အချိန်မှာသန်ပါသည်ဆိုတဲ့အားတွေဟာ ချိနဲ့ကုန်သည်။ တော်ရုံမဟုတ်ခဲ့တဲ့အချစ်တွေ အတိတ်မေ့နေခြင်းမှာတောင် ထိုအမျိုးသားငြိုငြင်သွားမှာမလိုလားတဲ့အထိ ချစ်ခြင်း အရှိန်အဟုန်ဟာသိပ်ကောင်း၏။

အကာကွယ်ကင်းမဲ့သွားတဲ့ခန္ဓာနှစ်ခုဟာ အညိုရောင်ကုတင်ထက်...နှုတ်ခမ်းသို့အနမ်းတွေဟာ ကြမ်းသွားလိုက် နူးညံ့လာလိုက် ပုံမှန်အချိန်တွေ၌ ရေလှိုင်းတွေလို ရင်ခုန်စရာကောင်းနေမှာမှန်သော်ငြား ယခု၌ရာဂစိတ်အစား စို့နင့်စွာကြေကွဲခြင်းတွေသာရှိနေသည့် နှစ်ဦးသားမျက်ဝန်းတွေ ငွေ့ရည်ဖွဲ့နေလျက်။

ကိုယ့်အပြစ်တွေနည်းခဲ့တာမှမဟုတ်တာ မင်းကိုမထိသင့်သေးတာမှန်ပေမဲ့ တောင်းပန်ပါတယ် တကယ်ကိုယ်တောင်းပန်ပါတယ်...အတိတ်ကိုနည်းနည်းလောက်မှတ်မိပေးလို့ မရဘူးလား။ အတ္တကြီးစွာနဲ့ ကိုယ့်ကိုချစ်ပေးခဲ့တဲ့အချစ်ကိုပဲ သတိရပေးလို့မဖြစ်ဘူးလား...မင်းသူစိမ်းလိုဆက်ဆံတိုင်း အရေးမပါသလိုဆက်ဆံလာတိုင်း သေမတက်ပဲကူးရာ! ဒီကောင်သေမတက်ပဲ။

မျက်ရည်စတချို့နှင့် ခေါင်းခါကာငြင်းနေတဲ့မျက်နှာလေးအား လက်ဝါးတို့ဖြင့်အုပ်မိုးကိုင်ရင်း ကိုယ်တိုင်လည်းမျက်ရည်စတွေနဲ့...။

Sour Candy (Complete) Where stories live. Discover now