❤Ending 2❤

3.9K 223 89
                                    

*Unicode*

Darling နဲ့ကျွန်တော် မိုးတွေသည်းတဲ့နေ့မှာ
နှစ်ကိုယ်တူသစ္စာဆိုပြီး လူအများကြား
တစ်ယောက်ကိုတစ်ယောက်ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း
အတည်ပြု လက်ထက်ပွဲကျင်းပခဲ့ကြသည်။
မိုးတွေကြားလမ်းခွဲခဲ့ကြခြင်းကို
မိုးတွေကြားလက်ထက်ယူခြင်းဖြင့် Darling က
ဒဏ်ရာတွေဖာထေးပေးသည်။
လက်ထက်လက်စွပ်အနေနဲ့ စိန်အစား
US ကထုတ်သောအရည်အသွေးသိပ်မြင့်လွန်းလို့
အကန့်အသတ်နဲ့ထုတ်ရတဲ့ပုလဲဖြူကို
Darling ကစီစဥ်ထားခဲ့တာ။

"Darling ရဲ့ကူးကိုစတွေ့တုန်းက
ဒီပုလဲဖြူလေးလိုပဲသိပ်ဖြူစင်တာ။
ကိုယ့်ကြောင့် ကိုယ့်ကြောင့်အရောင်တွေ
စွန်းထင်းခဲ့ရတာကို ပြန်ပြင်ဆင်ရင်း
ကိုယ်မင်းကိုပုလဲအဖြူလေးလို ပြန်ထားမယ်။
သိပ်လှတဲ့မင်းကို ကိုယ့်နှလုံးသားမှာသီကုံးထားမယ်
Darling's Honey "တဲ့

ခိခိ ကျွန်တော့် Darling ကသိပ်ချစ်တတ်တယ်မဟုတ်လား။

မှတ်မိပါသေးသည်။
လက်ထက်တဲ့နေ့က Darling တစ်ယောက်
အပျော်လွန်ပြီး မျက်နှာပိုးမသေပြုံးစိစိကြီးဖြစ်နေလို့
မြောင် ရဲ့အော်ငေါက်သံခပ်ကြိတ်ကြိတ်ကို။
မြောင်က Darling သူငယ်ချင်းအစ်ကိုပတ်ခ်ဂျီမင်ကို
လိုက်ပိုးပန်းနေပြီ ဆိုကတည်းက
Darling နဲ့မင်ယွန်းဂီဟျောင်းနဲ့ အခြေအနေက
သိပ်မဆိုးလှတော့ပေမဲ့လို့ တွေတိုင်းကိုက် အဲလေ
တွေ့တိုင်းသတ်ကြဆဲ။

အစ်ကိုမင်ဟိုဂီကတော့ ဂျွန် accident ဖြစ်တုန်းက
ဒေါက်တာလီအီဆောင်းနဲ့ အကြောင်းပါခဲ့ရာ
ဂျွန်တို့ထက်အရင်အိမ်ထောင်ကျနှင့်နေပြီ။
ဂျွန့်ကြောင့်ပူလောင်ခဲ့သမျှ အခုလိုအေးအေးချမ်းချမ်း
ရှိနေသွားတာနဲ့တင် ဂျွန်ပီတိဖြာရပါတယ်။

အရင်လိုတိုက်ခန်းမှာမဟုတ်တော့ပဲ
Darling နဲ့ နှစ်ကိုယ်တူနေတဲ့ အိမ်ကြီးရဲ့
ဝရံတာမှာ မေးထောက်ပြီး ဂျွန်ဟာ
ငေးကောင်းဆဲတွေးကောင်းဆဲ။
ဂျွန့်ယောက်ျားရဲ့အချစ်တွေကြား
ဘယ်လောက်အထိစိတ်ချမ်းသာနေရလဲဆိုရင်
ပြုံးလိုက်တိုင်းမို့တက်သွားတဲ့ ပိုဖောင်းလာတဲ့ပါးရယ်
ပြည့်ပြည့်လုံးလုံးဖြစ်နေတဲ့ ခန္ဓာလေးရယ်
ပိုဖွေးပိုဥပိုနုလာတဲ့ အသားအရည်တွေရယ်ကသက်သေ။

Sour Candy (Complete) Where stories live. Discover now