part 26💔

2.6K 245 50
                                    

*Unicode*

"အိမ်တော့ပြန်လာတက်သေးတာပဲ! အပျော်အပါးတွေလျော့လို့ပြောရင်လည်း ဘယ်တော့မှနားမထောင်ဘူး...JeyKay မင်းအသက်ငယ်တော့တာမဟုတ်ဘူး အလုပ်အကိုင်အတည်တကျနဲ့နေပါတော့ !"

"ရည်းစားတွေထည်လဲတွဲနေတာ ကိုယ်တို့နည်းနည်းသဘောမကျဘူး...မင်းအကျင့်တွေမပြင်ရင် မင်းအမေလီရာတို့စီပြန်ပို့ရလိမ့်မယ် "

ဒါတွေပဲ အိမ်မပြန်လာချင်ရတဲ့အကြောင်းရင်းတွေ။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဓာတ်ပြားဟောင်းကြီးဟာ ဖွင့်ပါများတော့ ပီကေတစ်ဖောက်ဖောက်ဝါးနေသည့် မျက်မှန်အနက်ဖြင့် JeyKay အပေါ်မတိုးတော့။ ဘယ်သူ့အပေါ်မှနစ်နာအောင်လုပ်မနေ၍ သူအမှားမရှိဘူး...အေးဆေးပေါ့။ ခံုအားတက်တူးပါသည့်လက်ချောင်းတွေက တစ်တောက်တောက်ခေါက်ရင်း ခါးထောက်ကာမျက်ထောင့်နီတွေဖြင့် ကိုရီးယားညီအစ်ကိုနှစ်ယောက်အား အသာအယာအကဲခတ်နေပစ်သည်။

ဖြူစွတ်စွတ်အသားအရေပိုင်ထားသည့် နှစ်ယောက်လံုးဒေါသစိတ်ဖြင့်နီရဲ၍နေသည်။ ကြည့်ကောင်းလွန်းတဲ့ရုပ်ရည်တွေမှာ မိန်းမလေးတွေအကြိုက်...။ခြေ ငြိမ်လွန်းတဲ့လူပျိုကြီးတွေစီက ဂရုစိုက်ခံရခြင်းတေွပိုပိုသာသာ ရနေတဲ့ JeyKay ဘဝကထင်သလောက် လွယ်မနေပါဘူး။

"မင်ဟိုဂီ နဲ့မင်ယွန်းဂီခင်ဗျ...အိမ်ပြန်လာတုန်းလေးညီအစ်ကိုမနှစ်ယောက်ပေါင်းပြီး လူကိုနားမုဒိန်းကျင့်နေတာ တော်သင့်ပြီထင်တယ္ "

တပ်ထားသည့်မျက်မှန်ကို အောက်ချွတ်ကာ ပင်လယ်ပြာမျက်ဝန်းတွေအား ဝိုင်းသထက်ဝိုင်းအောင်လုပ်ရင်း မျက်နှာငယ်လေးဖြင့် ဂျေဟာတကယ့်ပလီပလာတွေ သိပ်ကျွမ်းကျင်သည္။

"ကိုယ်တို့ကမင်းအတွက်ပြောနေတာ...ဒီလိုတွေပဲအချိန်ဖြုန်း "

"အားး ခေါင်းကိုက်လိုက်တာ "

ဟိုဂီရဲ့မပြီးနိုင်တဲ့တရားတွေလာမဲ့အရေး ကြိုမြင်ကာ ခေါင်းအားလက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ ဂျေဟာသရုပ်ဆောင်လည်းသိပ်တော်သည်။ ဘာကြောင့်မှန်းမသိပေမဲ့ JeyKay ခေါင်းကိုက်သည်ဆိုလျှင် ပြာယာခတ်ကာစိတ်ပူကြီးတဲ့ညီအစ်ကိုနှစ်ယောက်။ ဘာမှလျှောက်မတွေးနဲ့ စိတ်ကိုငြိမ်ငြိမ်ထားဆိုတဲ့ မြောင် ခေါ် မင်ယွန်းဂီရဲ့စကားလံုးတွေကိုလည်း အလွတ်ရနေပြီးဖြစ်သည်။

Sour Candy (Complete) Where stories live. Discover now