part 29💔

2.7K 253 44
                                    

*Unicode*

ဖုန်းနံပါတ်ဘလော့သွားတဲ့အပြင် အဆက်အသွယ်မရ ပျောက်ပါပျောက်နေတော့ ကင်မ်ထယ်ယောင်းမှာပူလောင်လိုက်တာမှမဟားတရား။ စုံစမ်းခိုင်းထားတဲ့လူတွေစီကလည်း စာမလာသတင်းမကြား။ ကိုယ်တိုင်ထွက်ရှာပြန်တော့လည်း ပုန်းနေသူဟာထွက်မလာ။

ကူးငယ်ဆိုတဲ့ဟာလေးကလေ ကင်မ်ထယ်ယောင်းဆိုတဲ့သူကိုယ်တိုင် မီးခွက်ထွန်းရှာထားတဲ့ ပြဿနာလှလှလေး။

နှိပ်စက်ချင်ရင်တခြားနည်းနဲ့နှိပ်စက်ပါ ကူးရာ။ ပျောက်သွားလို့မဖြစ်လို့ မင်းထပ်ပျောက်သွားရင်  ဒီကောင်သေဖို့ကလွဲလမ်းမရှိတော့ဘူး...မင်းသိရဲ့လား။

5 နှစ်ကျော်တဲ့ အရူးတစ်ယောက်လိုအတိတ်ဆိုးတွေရဲ့ ဒဏ်ချက်တွေကနည်းနည်းနှောနှောမဟုတ်ခဲ့တဲ့အခါ ကူးကိုသိပ်သည်းရပါသည်။ အလုပ်ခန်းထဲလက်တောပ့်တစ်လုံးရယ် ဖုန်းတစ်လုံးရယ် တစ်ခုတည်းသောဖုန်းနံပါတ်အားခေါ်နေဆဲ။ ကင်မ်ထယ်ယောင်းအပူသည် ဝန်ထမ်းတွေစီပါကူးစက်ကုန်ရင် တစ်ရုံးလုံးဖုန်းတစ်လုံးစီဖြင့် ဖြေဆိုသူမဲ့ဖုန်းအား အခါတစ်ရာမကခေါ်ဆိုနေကြသည်မှာ ရုပ်ပျက်လှပါသည်။

သွားနေကြ club တွေမှာလည်းမရှိ။ လောင်းကစရားဝိုင်းမှန်သမျှစုံးစမ်းတော့လည်း မလာဘူးတဲ့။ Leo ဆိုတစ်ယောက်ကို သွားမေးကာမှ အသဲဟာထပ်၍ဆားသိပ်ခံလိုက်ရသည်။

Grayson နဲ့ခရီးထွက်နေတယ်ထင်တယ်တဲ့...ရိုက်ချက်ကပါးပါးနဲ့သိပ်ပြင်းသည်။ သူယုံတယ် ကူးဟာဒီလိုမလုပ်ဘူး...ကူးကသူ့ကိုသိပ်ချစ်တဲ့ဟာ သူ မကြိုက်တာတွေလုပ်မှာမဟုတ်ဘူး!

တင်*

ဝင်လာတဲ့ message တစ်စောင်နှင့်ဓာတ်ပုံတစ်ပုံ။ လက်ခနဲဖြစ်သွားသည့် မျက်အိမ်ကျဥ်းကျဥ်းနှင့်အတူ ခုံထက်ချိတ်ထားသည့်ကုတ်အနက်အားအောက်ဝတ်ကာ အလောတကြီးထွက်သွားရသည့် အကြောင်းပြချက်လှလှလေးသည် Jeykay။

မြို့အစွန်းရှိ တရားမဝင်လောကသားတို့ကြီးစိုးရာ ကာစီနို၌ စကီတစ်ယောက်နှင့်ပျော်ပါးနေသည့် နှလုံးသားငယ်လေးကသိပ်ဆိုးသည်။ အပျော်သိပ်ကြိုက်လာတာကို မတားဆီးရက်ပေမဲ့ အန္တရာယ်များတာတွေပါလာရင် တားကိုတားရမည်။ ကူးတစ်ခုခုဖြစ်ရင် ပထမဆုံးရင်ကျိုးရမှာဒီကောင်။

Sour Candy (Complete) Where stories live. Discover now