part 24💔

3.2K 282 54
                                    

*Unicode*

"Darling..."

ပြန်တွေ့ခဲ့ရပြီ။ ဘယ်လောက်တောင်လွမ်းနေခဲ့ရတဲ့မျက်နှာလေးလည်း...ဒီတစ်ခါ ဒီတစ်ခါတော့ ပံုရိပ်ယောင်ဟုတ်မနေခဲ့ဘူးမဟုတ်လား။ ထိတွေ့မိရင်ပျောက်ကွယ်သွားမလား စိုးသည့်စိတ်တွေနှင့် အနာတရဖြစ်ထားသည့် မျက်နှာလှလှလေးကို အုပ်ကိုင်ချင်စိတ်တွေအား တင်းခံထားရခြင်းတွေဟာ မလွယ်လှပါ။ နှစ်တွေကြာမှမျက်စိရှေ့ မှောက်မြင်တွေ့ရသည့်အခါ ထယ်ယောင်းအဖို့အသက်ရှူရပ်မတက်။ အေးစက်လာတဲ့ခြေဖျားလက်ဖျားတွေ အလံုးအရင်းတိုးရင်လာတဲ့ဝမ်းနည်းမှုတွေ ကူးများသူ့ကိုမုန်းနေလေမလား စိုးထိတ်မှုတွေရင်ဝယ်လေးလံလာ၍ ဒူးထောက်တောင်းပန်ပစ်ချင်နေပြီ။

ပြင်းရှရှဆွဲမက်စရာအသံက အရင်လိုချိုချိုလေးမဟုတ်တော့။ ပြောင်းလဲသွားတဲ့ခန္ဓာ မဟုတ်ဘူး အရာအားလုံးပြောင်းလဲနေတဲ့ အဝါရောင်ရှပ်လက်တိုနှင့်ကောင်လေးက ကူးမှကူးအစစ်ဖြစ်ကြောင်း အက်ကြောင်းရာတွေနဲ့ အေးခဲနေခဲ့တဲ့နှလုံးစီမှ တဒုန်ဒုန်ပြန်ခုန်လာခြင်းတွေက သက်သေတည်သည်။ ဖောင်းကားကားပါးပြင်လေးတွေပျောက်၍ ထင်းနေတဲ့မေးရိုးတွေ အပြစ်သိပ်ကင်းကြောင်းပြသရာ မျက်ဝန်းတွေက အရောင်မျိုးစံုဖြတ်ပြေးလျက်။ ဖြူဥဥလက်မောင်းသားတွေက အခုတော့ညာဘက်တစ်ဖက်လံုး နေရာလပ်မရှိတဲ့ရုပ်ပံုတွေ...အရိုးသားဆံုးအပြုံးလှလှတွေဖြစ်ထွန်းရာ နှုတ်ခမ်းရဲရဲက ခပ်ထေ့ထေ့အပြုံးဖြင့်...

ပြောင်းလဲသွားခြင်းတွေမှာ ထယ်ယောင်းရင်ကွဲရပြန်သည်။ ဘာတွေကြောင့်အခုလိုပြောင္းလဲကုန်ရတာလဲ ကူးရာ...ကိုယ့်ပရောဂမကင်းမှန်းသိပေမဲ့ ဒီလိုကြီးပြောင်းလဲပစ်တာေတာ့ ဒီကောင်ကိုယ့်ကိုယ်ကိုမုန်းပစ်မိတော့မယ်။ ဒီကြားထဲအဆင်ပြေခဲ့ရလား...ဒေစီအတွက်နှလုံးပေးခဲ့ရင် အသက်ရှင်စရာအကြောင်းမရှိဘူး...ကိုယ်မသိသေးတဲ့ကိစ္စတွေရှိနေသေးတာလား...ဒါမှမဟုတ် မျက်စိရှေ့ကကူးမဟုတ်ပဲ တစ်ခြားတစ်ယောက်လား

အမျိုးမျိုးသောမေးခွန်းတွေ ခေါင်းထဲဖြတ်ပြေးနေ၍ စတိုင်ကျစွာလေချွန်ရင်း သူတို့စီဦးတည်လာနေသောကောင်လေးကို စို့နင့်စွာသတိလက်လွတ်ငေးနေမိသည်။ Darling လို့ခေါ်လိုက်တာသူ့ကိုများလေလား။

Sour Candy (Complete) Where stories live. Discover now