part 31💔

2.8K 262 68
                                    

*Unicode*

ပေးဆပ်ခြင်းနှင့်တန်အောင် တောင်းခဲ့သောဆုတွေဟာ ပြည့်ဝခြင်းသို့ရောက်ရှိခြင်းတွေ၌ ဝမ်းနည်းစရာကောင်းစွာ ဂျွန့်မျက်ဝန်းတွေထဲအရင်လိုအချစ်တွေ ရှာမတွေ့တော့။

မျက်ရည်တွေနဲ့စရေးခဲ့တဲ့ အချစ်ရေးအား ကံကြမ္မာဖန်တီးရှင်က အပြုံးတွေနဲ့အဆုံးသတ်ပေးနိုင်ကောင်းပါရဲ့။ ပင်ပန်းခဲ့ရတာတွေနာကျင်ခဲ့ရတာတွေဟာ နှစ်ယောက်စလုံး။ အချစ်စစ်ဟူသမျှခရီးလမ်းမဖြောင့်ဖြူးသော်ငြား အမြန်ဆုံးပေါင်းဖက်ဖို့သာ စိတ်အားထက်သန်ပါရဲ့။

ခြံတစ်ခြံရှေ့အိခနဲရပ်ကျသွားသည့် ကားတစ်စီး။ကောင်လေးနှစ်ယောက်၏တွဲထားသည့် လက်တွေ လွတ်ထွက်မည်ဆိုးသည့်အလား ဆုတ်ကိုင်ထားတာမှတင်းကြပ်ကြပ်။ စူးရဲရဲအကြည့်တွေအောက် ဂျေနေရခက်စွာ ပါးပြင်လေးတွေရဲလို့နေသည်။

သောက်နေကျဝိုင်တွေလို ထိုအမျိုးသားရဲ့မျက်ဝန်းတွေကတကယ့်ကို ယစ်မူးလို့ကောင်းတယ်။ မခံစားတတ်ပေမဲ့ သိသာနေသည့်မြတ်နိုးခြင်းတွေဟာ ကူးရဲ့ကိုယ်ပေါ်လျှံပယ်စွာ။

"ကူး မင်းကစတော်ဘယ်ရီလုံးလေးလား"

"ကျုပ်...ဝင် ဝင်တော့မယ်"

"ကိုယ့်ကိုတစ်ကိုက်လောက်.."

"ဟင်."

ခေါင်းနောက်မှထိန်းကိုင်ကာ ပေါက်ရာတချို့ဖြင့် ဖူးယောင်နေသည့်နှုတ်ခမ်းပါးပါးလေးအား အသာအယာစားသုံးနေသူ...ဘာမဟုတ်တဲ့အပြုအမူတွေမှာ ဝဲအုံမှတဒုတ်ဒုတ်ခုန်မြည်သံတွေကကျယ်လောင်လွန်းလာ၏။ အလိုလိုနေရင်းမျက်နှာပူတက်လာသလို အခု...အခုသူလို Play boy တစ်ယောက်ကအနမ်းခံရတာကို ရှက်နေတာတဲ့လား။

ခံစားချက်တွေသီဖွဲ့ရရင် လူတွေပြောတဲ့ ရင်ဘတ်ထဲပန်းတွေဝေဝေဆာဆာပွင့်ဖူးလာနေသလို လိပ်ပြာတွေပျံသန်းနေသလိုပေါ့..။ ကြမ်းကြမ်းတမ်းတမ်းအထိအတွေ့တွေထက် ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားစီက နူးညံ့စွာထိတွေ့ခြင်းအစ အလေးအနက်ထားပေးခြင်းအဆုံး Jeykay ပျော်ဝင်မိသည် အတိုင်းထက်အလွန် နှစ်နှစ်ကာကာသဘောကျသည်ကား လိမ်ညာလို့မရတဲ့အမှန်တရားပေမို့ မျက်နှာပူစွာဝန်ခံ၏။

Sour Candy (Complete) Where stories live. Discover now