part 20💔

3.6K 283 82
                                    

*Unicode*

ကူးသိရဲ့လား...ကိုယ်ဒေစီယာစီသွားခဲ့တာ
သူ့ကိုရွေးချယ်လိုက်လို့မဟုတ်ပဲ
တောင်းပန်ဖို့သွားခဲ့တာ...
*မချစ်နဲ့* ဆိုတဲ့ မင်းရဲ့စကားလုံးတွေမှာ
Darling က ကူးကိုတနင့်တပိုးချစ်နှင့်နေပြီ။
ပေါင်းဖက်ဖို့ကြံခါမှ ဝင်ရှုပ်တဲ့ကံကြမ္မာက
ရက်စက်လွန်းပါဘိ။

ဒီတိုင်း ဒီအတိုင်းလေးပဲ ကူးကို
အဖော်ဆက်ပြုပေးနေရင်ရရက်
တရားဝင်ပိုင်ဆိုင်ဖို့ကြိုးစားခဲ့မိတာ ကိုယ့်အမှား...။
အဲ့နေ့ ကိုယ်သာအရင်ထွက်မသွားခဲ့ရင်
ကိုယ်သာပွင့်ပွင့်လင်းလင်းပြောပြခဲ့ရင်...
ကိုယ်ရဲ့ကူး...ကိုယ်ရဲ့ကူးကိုယ့်ရှေ့မှာ
သက်ဝင်လှုပ်ရှားနေဦးမှာ...

မျက်ရည်ဝဲနေတဲ့ နင့်သဲသဲအကြည့်တွေကို
ဒီကောင်လွမ်းတယ် ဂျွန်ဂျောင်ဂု!!..
လာပြောပါဦး...*Darling ကိုသိပ်ချစ်တာ* ဆိုပြီးလေ
Darling ကလည်းချစ်တယ်လို့
ပြန်ဖြေချင်လို့ပါကွာ...

တောင်းပန်ပါတယ်...ယောက်ျားမာနကို
ခဝါချပြီး ဒီကောင်ဒူးထောက်တောင်းပန်ပါတယ်
ပြန်လာခဲ့...ချစ်တယ်ဆို
မင်းပြောတော့ချစ်တယ်ဆို Darling ကို
ပစ်သွားရက်တယ်..ဒီတစ်ကိုယ်ကောင်းသမားရဲ့
မျက်ရည်တွေသုတ်ပေးသူမဲ့နေပြီ ကူးရဲ့။

ကြောက်ခဲ့ရတဲ့ အချစ် ဆိုတဲ့ဝေါဟာရကို
ကိုယ်တိုင်ထိတွေ့ချိန်မှာ အချစ်ဖြစ်တည်ရာလေးက
ပျောက်ကွယ်သွားတော့ ဒီကလူရူးမတက်...!

"ဂျွန်ဂျောင်ဂု...ဟုတ်တယ်...
ကူးငယ်မျှော်နေပြီ ပြန်ရတော့မှာ"

"ထယ်ယောင်း!! စိတ်ထိန်းစမ်း..."

"မေမေ ကူး...ကူးကစောစောပြန်လာခဲ့တဲ့"

"ဂျွန်ဂျောင်ဂုသေပြီ..ကင်မ်ထယ်ယောင်း!!"

"မဟုတ်ဘူး!မဟုတ်ဘူးလို့!!!အားးးးးမဟုတ်ဘူးဆို...
ကူးရှိတယ်။ ကူးကကျုပ်ကို ပစ်မထားရက်ဘူး
ခင်ဗျားသိရဲ့လား!!!"

မျက်အိမ်မျက်သားတစ်ခုလုံး
ငိုထားမှန်းသိသာလောက်အောင် ရဲတွတ်နေပြီး
အမေကိုပင် လက်ညိုးထိုးကာ
ပြန်အော်နေတဲ့ ထယ်ယောင်းဟာ
ချစ်ခြင်းရဲ့အဆိပ်သင့်နေလေပြီ။

Sour Candy (Complete) Where stories live. Discover now