part 15 💔

2.6K 251 106
                                    

*Unicode*

ချစ်ခြင်းမေတ္တာတရားဆိုတာ
အသွားရှိရင်အပြန်ရှိတယ်တဲ့လေ။
ဒီအချိန်မျိုးမှာ ဆုတစ်ခုတောင်းခိုင်းရင်
ဂျွန်တောင်းမဲ့ဆုက Darling ဂျွန့်ကိုဘယ်တော့မှ
ချစ်မလာစေဖို့ တောင်းဆုပြုမိလိမ့်မယ်။
သေခါနီး Darling စီကချစ်ခြင်းတရား ဆိုတဲ့
အရာကိုမမျှော်လင့်ချင်တော့တာအမှန်ပါ။
Darling သာဂျွန်ကိုပြန်ချစ်ခဲ့ရင် ဂျွန်ပဲရင်ကွဲပြန်ရမယ်။
သေလူကိုတောင်းတမဲ့ Darling ပုံစံကိုမမြင်လိုဘူး။
အချစ်ကသိပ်ပူလောင်တာမို့ အချစ်ကိုမသိသေးတဲ့
Darling လက်ရှိပုံစံလေးကပဲ ကောင်းပါတယ်။

ငါသာအပူထဲကို ရူးရူးမိုက်မိုက်တိုးဝင်ချင်ဝင်မယ်
မင်းဆိုတဲ့သက်ရှိလေးကိုတော့
အချစ်ကိုမမြင်စေချင်ဘူး။
ငါကလေ မင်းနာကျင်မှာသိပ်ကြောက်တာ Darling.
ကျေးဇူးပြုပြီး တစ်ခါလောက်ငါ့အချစ်ကို
ပြတ်ရယ်မပြုပဲ ဒီတိုင်းအသိအမှတ်ပြုပေးလိုက်လို့
မဖြစ်ဘူးလားဟင်။

ဆေးရုံပေါ်က ဒေစီယာနှလုံးဖောက်လို့
ဂျွန်တို့ဆေးရုံကြီးကိုရောက်နေကြသည်။
နာကျင်လို့အော်တဲ့ ဒေစီအသံဟာ
ကော်ရစ်တာတလျှောက်ဆူညံ့လျက်။
ပြာယာခတ်နေကြသည့်ဆရာဝန်တို့ကြား
Darling ဟာအဆိုးဆုံးပေါ့။

မျက်နှာထက် စိုးရိမ်ပူပန်မှုတို့အရောင်သမ်းနေသည့်
မျက်ဝန်းတို့က ဂျွန့်အမြင်မှားတာမဟုတ်ရင်
မျက်ရည်အိုင်တစ်ခုဖြစ်ထွန်းနေတာပဲ။
သူမစီမှအကြည့်လွဲလိုက်သည့် Darling က
သူမနာကျင်တာမမြင်ရက်မှန်း ဂျွန်သိပ်သိပါတယ်လေ။

Darling ကသူမကိုမြတ်နိုးလွန်းတော့
ငါ Jealous ဝင်မိသား။

"Darling....."

"အင်း"

မျက်ဝန်းသေတို့ဖြင့်ဂျွန့်မျက်ဝန်းကို
စိုက်ကြည့်ရင်းအေးစက်စက်ထူးသံဟာ
Darling ဟာ Darling ပဲဖြစ်နေသေးကြောင်း
သက်သေပြဟန်။ ဒီကြားထဲ
နူးညံ့မှုတွေကြင်နာမှုတွေကတကယ်
အယောင်ဆောင်ပဲကို ဟက်.....။

"မမဒီလောက်ဖြစ်နေတာကို
မာမီတို့ကလာမကြည့်ကြဘူးလား..."

"ဟက်..."

ခပ်ထေ့ထေ့ရယ်သံနှင့်အတူ
သူမအားတစ်ချက်စွေကြည့်ကာ
အခန်းပြင်ထွက်သွားသည့် Darling နောက်
ဂျွန်ဟာ ထပ်ချပ်မကွာလိုက်ရပြန်သည်။
လိုက်ခဲ့ ဟူသည့်အမိန့်မရရင်တောင်ပေါ့။

Sour Candy (Complete) Where stories live. Discover now