❤Ending❤

4.3K 253 92
                                    

*Unicode*

"Darling...Darlingလို့။
ထပါဦးဆို Darling ရေ.."

နေမကောင်းသူကိုအဖော်စောင့်ပေးသည့်
သူဟာအိပ်ရာထက်ကန့်လန့်ဖြတ်အိပ်မောကျနေပုံမှာ ညနေစောင်းနေဝင်သွားသည်အထိမနိုးလာပေ။

"Darling ကွာ ထဆိုနေ!.."

ဘေးမှအော်နှိုး၍မရသည့်အဆုံး
အသံဆာဆာလေးနဲ့အတူကုတင်ပေါ်တက်ကာ
ပုခုံးကျယ်ကျယ်အားလှုပ်နိုးတဲ့အခါ
လက်တစ်ဖက်ဖြင့်
လူကိုရင်ခွင်အောက်ဆွဲသွင်းသူကြောင့်
လန့်ဖြန့်သွားရသည်။

"အ့ ရား...ကင်မ်ထယ်ယောင်း!
ဘာလုပ်တာလဲ လွတ်"

"သာလိကာလေး..ပါးစပ်လေးပိတ်ပြီး
ကိုယ်နဲ့အတူပြန်အိပ်"

"မင်းကိုထဖို့နိုးနေတာလေ Darling"

"မွ...မွ..မွ..မွ ကောင်းသောညပါအချစ်"

"ရားးး...Darling!!"

မျက်နှာအနှံ့နေရာမလပ်အောင်နမ်းရှိုက်ကာ
ရင်ခွင်ထဲပြန်ထည့်ထားပြန်တဲ့အပြုအမူကြောင့်
အသဲတစ်ခြမ်းဒေါသဖြင့်
အော်သံဟာကျယ်လောင်ခဲ့သည်။
Darling ဟာ ကဗြာကယာကောက်ထ၍
မျက်နှာချိုသွေးခြင်းလုပ်ငန်းစတင်လိုက်၏။

"ထပြီ..ကိုယ်ထပြီ။
ကိုယ်အချစ်လေးလဲ ထ..ထူပေးမယ်"

မျက်စောင်းတခဲခဲနဲ့
ယုန်လုံးကိုဆတ်ခနဲကောက်ပွေ့၍
ထယ်ယောင်းတစ်ယောက်
ရေချိုးခန်းထဲခေါ်သွားပြန်သည်။
ရုတ်တရက်မို့လန့်သွားသည့်
အသဲတစ်ခြမ်းကလည်တိုင်ကိုဖက်တွယ်လာသည်။
နှစ်ယောက်အတူနီးနီးကပ်ကပ်နေရခြင်းတွေ
ရင်ခုန်ကြည်နူးစရာသိပ်ကောင်းသလို
အချစ်တွေပိုပိုတိုးလာတာ..
စိတ်ဆတ်တဲ့ဒေါသအိုးကို
လိုက်စပြီးချော့ရတာကို
ကင်မ်ထယ်ယောင်းတို့လတ်တလောသဘောတွေ့နေသည်။

"အ့..အား..ကင်မ်ဂျောင်ကူး! နာတယ်နော်"

"နာအောင်ကိုက်တာလေ နာပါစေ"

"ဒီမှာဗျို့ လူကိုယုန်ကိုက်နေပါတယ်
ရှေ့သွားကြီးကြီးနှစ်ချောင်းအားကိုးပြီး
တစ်တိတိနဲ့ကိုကိုက်နေတာပါဗျို့"

ဘေလ်စင်ပေါ်သူတင်ပေးထားတဲ့အတိုင်း
ငြိမ်ငြိမ်လေးထိုင်နေတဲ့သူဟာ
အော်လေအော်ပေါ့ ဆိုတဲ့မျက်နှာထားကို
ချီတင်၍
ကင်မ်ထယ်ယောင်းအသဲယားအောင်သိပ်လုပ်သည်။
မပြောမဆိုကောက်ပွေ့လိုက်ခြင်းရဲ့ 
နောက်ဆက်တွဲအပြစ်ဒဏ်သည်
ပုခုံးပေါ် သွားရာကွင်းကွင်းကြီး
နေရာယူသွားခြင်းပင်။
ကိုဓ ဥပဒေအရ
မျက်လုံးတစ်လုံးဆုံးရင်မျက်လုံးတစ်လုံး
ပုခုံးကိုက်ရာဆိုနှုတ်ခမ်းပေါက်ရာပဲ။
မျက်နှာသေးသေးလေးရဲ့အထင်ရှားဆုံး
မေ့ရိုးဖျားမှအုပ်ကိုင်၍ မော့စေကာ
ရွှန်းစိုနေသောနှုတ်ခမ်းဖူးဖူးကိုနှစ်ခါမစဥ်းစားပဲ
စုပ်ယူပစ်လိုက်သည်။

Sour Candy (Complete) Where stories live. Discover now