part 19💔

3.5K 292 124
                                    

*Unicode*

လူရှုပ်သည့်လမ်း လူခြေတိတ်သည့်လမ်း
အသိမရှိသောလူပမာ
ခြေဦးတည့်ရာလျှောက်သွားနေသည့် ဂျွန့်ဟာ
ကျိန်းစပ်နေသည့်မျက်ဝန်းတွေနှင့်အတူ
လက်မလွတ်ချင်သော်ငြား
မပိုင်ဆိုင်ထားသည့်အသိကြောင့်
ရင်အစုံကိုင်လှုပ်ခံရသည့်နှယ် အောင့်တက်
တင်းကြပ်နေသည့်ဝေဒနာကိုလည်းအလူးအလဲခံနေရသည်။

မသေခင် ထိကွဲရှနာစပ်ပြင်းခါးသက်ချိုချဥ်
အချစ်ရဲ့အရသာပေါင်းမျိုးစုံကို ခံစားဖူးသွားတော့
ဂျွန်ဂျောင်ဂုတို့ လူဖြစ်မရှုံးတော့ဘူးပေါ့ ဟားးးဟားး။

ဂျွန်ဂျောင်ဂုဘယ်လောက်ထိ အသိလွတ်နေသလဲဆို
အနောက်မှတရိပ်ရိပ်လိုက်လာသည့်
အနက်ရောင်ကားကိုပင်သတိမမူမိသည်အထိ။
တရွေ့ရွေ့သွားနေသောခြေလှမ်းတို့သည်
မျက်စိရှေ့မြန်ဆန်သောအရှိန်ဖြင့်
အစီအရီဖြတ်ပြေးနေသည့် ကားလမ်းမကို
မျက်နှာမူ၍ရပ်တန့်သွားခဲ့သည်။

"Darling...တစ်ပတ်မပြည့်သေးပဲ
နှလုံးပေးခဲ့တော့မဲ့ငါကလေလိမ္မာတယ် မဟုတ်လား...
ငါ ငါက ငါကလေ ကတိတည် တည်ပေးခဲ့ပြီ..."

မျက်ရည်ပေါက်လေးနှင့်အတူ
မိုးရည်ပေါက်တွေဟာ ပလက်ဖောင်းပေါ်သို့
တပေါက်ခြင်းကြွေကြ၍လာခဲ့သည်။
အချိန်အခါမဟုတ်ရွာလာသောမိုးဟာ
ဂျွန့်မျက်ရည်အားဖုံးကွယ်ရန် ရောက်လာခဲ့သည်များလား။

ဂျွန့်ဆုံးဖြတ်ချက်ကို မြောင်ကြားရင်
ဂျွန့်ကိုစိတ်အကြီးကြီးဆိုးနေတော့မှာ...
မေမေ နဲ့ ဖေဖေ တောင်းပန်ပါတယ်
မွေးရကျိုးမနပ်ခဲ့တဲ့ဒီသားကို ခွင့်မလွှတ်လိုက်ပါနဲ့။
အကိုဟိုဂီ...အကို့ကိုမပြောပဲလုပ်ချင်ရာလုပ်နေတဲ့
ဂျွန့်ကိုအလိုမကျစွာဆူတော့မယ်မဟုတ်လား...
တောင်းပန်ပါတယ်
ဂျွန်ခံနိုင်ရည်မရှိတော့လို့ပါ ဟင့်....။

Darling ရဲ့ပစ်ပယ်မှုတွေက ဂျွန့်စိတ်ကို
လက်နက်မလိုပဲအသေသတ်စေတယ်။
ရှင်သန်မှုမရှိတော့တဲ့ အသိနဲ့
သေဆုံးသွားတဲ့စိတ်ကြောင့် ရှင်သန်နေလည်း
ဂျွန်ဘဝအဓိပ္ပါယ်ရှိတော့မှာမဟုတ်ဘူး။
သေပေးလိုက်ခြင်းကသာ အကောင်းဆုံး
ဂျွန့်ခန္ဓာအစိတ်အပိုင်းနဲ့အသုံးပြုပြီး
ရှင်သန်ကြမဲ့လူသားတချို့အကြောင်းတွေးရင်
ပီတိဖြစ်မိတယ်...

Sour Candy (Complete) Where stories live. Discover now