part 10💔

2.7K 247 91
                                    

*Unicode*

မျက်ဝန်းတွေသည်သာ ဖွင့်မရအောင်လေးလံနေခဲ့တာ။
Darling ပေးတဲ့နာကျင်မှုတေကိုတော့
စပ်ဖျင်းဖျင်းနှင့် သိသာစွာခံစားမိလျက်သား။

ပြင်းထန်တဲ့အသားချင်းရိုက်ခတ်သံ
ကျယ်လောင်နေတဲ့ အသက်ရှူသံ
တဖြည်းဖြည်းတိတ်ဆိတ်ခြင်းဘက်ရောက်ရှိလာကာ
Darling ပြီးမြောက်ခြင်းကိုရောက်ပြီထင်ပါရဲ့။

ခါးထက်ဖက်တွယ်လာလေတဲ့ လက်တစ်စုံနှင့်
သူ့ဘေးဝင်လှဲလိုက်သော Darling ကြောင့်
သူကောင်းကောင်းအိပ်စက်ဖို့စိတ်ဆုံးဖြတ်လိုက်မိသည်။
ဒီပုံစံအတိုင်းဆို မနက်ခင်းကိုက်ခဲမှုတွေနဲ့အတူ
ချစ်ရသူကပါဘေးမှာရှိနေမည်။
အချိန်အားဖြင့်ခန့်မှန်းချေ
2:00 Pm နီးပါးရှိနေပြီဖြစ်တာကြောင့်
Darling အပြင်ပြန်ထွက်မည်မဟုတ်တော့။

ငါအိပ်လို့ရပြီမဟုတ်လား...
နာကျင်ရရင်တောင် မင်းမျက်နှာလေးကိုကြည့်ပြီးနိုးထရရင်
နာကျဥ်းစရာတေကိုအရူးတစ်ယောက်လို
မေ့ပျောက်နိုင်တာမို့ ငါ့အနားမှာရှိနေပေးပါ။

Darling ရင်ခွင်ထဲတိုးဝင်အိပ်စက်ချင်သော်ငြား
နဲနဲလေးလှုပ်ရင်ကိုမျက်ရည်ဝေ့တက်သည်ထိနာကျင်လာသော
ကိုယ်ခန္ဓာကြောင့် ဒီအတိုင်းလေးသာ
အိမ်မက်ကမ္ဘာထဲဝင်ရတော့မည်။


Darling ဖက်ထားတာနဲ့တင်လုံလောက်ပါပြီ။

စောင်ထူထူထဲမှေးခနဲ့ အိပ်ပျော်သွားခိုက်
မြည်တီးလာတဲ့ဖုန်းသံဟာကျယ်လောင်လွန်းစွာ။
အိပ်နေရာမှထသွားသော Darling ဖုန်းပြောသံကို
အသာနားစွန့်နေမိပါရဲ့။

"ဂျီမင်...."

"................"

"ဘယ်လို"

"................"

"ငါလာခဲ့မယ်!"

"..............."

"ကျစ်! သူကအရေးမကြီးဘူး...
ဒေစီအနားကသာမင်းတစ်ဖဝါးမှမခွာနဲ့!"

ထယ်ယောင်း၏ကျယ်လောင်လွန်းတဲ့အသံကြောင့်
အားယူကာ ခေါင်းအုန်းတို့ကိုမှီရင်းထထိုင်လိုက်မိသည်။

Sour Candy (Complete) Where stories live. Discover now