အပိုင်း(၁)

116K 3.9K 241
                                    



သစ်ပင်၊ပန်းပင် တို့ဖြင့် အမြင်အေးချမ်းဖွယ်
ရှိနေသောခြံဝန်းကျယ်ကြီးသည်
ဆယ့်သုံးနှစ်အရွယ် ဘုန်းလျှံကွန်းခ အတွက်
စိမ်းသက်နေပါသည်။

သူ့ရဲ့ စိတ်ထဲတွင် ဖေဖေနဲ့အတူနေခဲ့သည့်
တမူးမြို့က ပျဉ်ထောင်အိမ်လေးဆီသို့သာ
ပြန်ချင်မိသည်။

ကားဂိတ်ဆီသို့ လာကြိုသည့်
ကားသည် ခမ်းနားသည့်အိမ်ကြီ၏
ဆင်ဝင်အောက်တွင်
ရပ်လိုက်ချိန်တွင် အိမ်ထဲမှ
ဖြူ၍ဖျော့တော့သည့်
အသားအရေ ၊ ပိန်ပါးပါးခန္ဓာကိုယ်
ရှိသော အသက် ၄ဝ ကျော်အရွယ်
မိန်းမတစ်ယောက် ထွက်လာခဲ့၏။

သူမ၏ ဘေးတွင်တော့ ကွန်းခ ထက်
အသက်အနည်းငယ်ကြီးပုံရပြီး
ကွန်းခနဲ့လည်း ရုပ်အနည်းငယ်ဆင်သော
အသားလတ်လတ် အရပ်ရှည်ရှည်ဖြင့် 
ယောကျာ်းလေး တစ်ယောက်ပါသည်။

"အဲ့ဒါသားရဲ့ မေမေနဲ့ အစ်ကိုလေ ကွန်းခလေး"

ဘေးတွင်ပါလာသော ဖေဖေ့၏ ညီမ
အန်တီလေးက ပြောလေသည်။
ဘုန်းလျှံကွန်းခကတော့ စိမ်းသက်သက်
မျက်ဝန်းတွေဖြင့်သာ ငေးကြည့်နေမိသည်။

သူ့ရဲ့ အမေအရင်း၊ တစ်အူတုံဆင်း
အစ်ကိုအရင်းကို တွေ့လိုက်ရသော်လည်း
စိတ်ထဲတွင် ရင်းနှီးလှိုက်လှဲခြင်းကို မခံစားရ။

သူ့ရဲ့ အမြင်အာရုံထဲတွင် အသက်မဲ့နေသော
ဖေဖေ့၏ ရုပ်အလောင်းကိုသာမြင်ယောင်နေ၏။

ဖြစ်နိုင်လျှင် မန္တလေး မြို့ပေါ်က
ဒီအိမ်ကြီးကို လာချင်စိတ်မရှိ။

လူမှန်းသိတတ်သည့်အရွယ်
မတိုင်သေးခင်ကတည်းက ခွဲခွါခဲ့ရသည့်
အမေဖြစ်သူနဲ့ အစ်ကိုဖြစ်သူကိုလည်း
သံယောဇဉ်မတွယ်၊ ဖေဖေ နဲ့အတူ နေခဲ့ရသော
တမူးမြို့က အိမ်လေးတွင်သာ
ဖေဖေနဲ့ပဲအတူ ပြန်နေချင်သည်။

ဘာလို့များ သေခြင်းတရားဟာ အေးချမ်းနေတဲ့
သူတို့သားအဖနှစ်ယောက်ကို ရုတ်တရက်ကြီး
ခွဲပစ်လိုက်ရတာလဲ..။

~~~

ကွန်းခ ကားပေါ်ကဆင်းလိုက်သည်နှင့်တပြိင်နက်
ဒေါ်မြတ်ပန်းချီက ကွန်းခ၏ ပိန်သေးသေး
ခန္ဓာကိုယ်လေးအား တင်းတင်းကြပ်ကြပ်
ထွေးပွေ့လိုက်တော့သည်။

Beyond All Measures  (COMPLETED)Where stories live. Discover now