အပိုင်း(၂၀)

30K 2.2K 240
                                    


"မငိုနဲ့တော့။ မင်း ကလေးလား ..တကယ်ပဲ"

ယံသွန်းညိုက ခပ်တိုးတိုးပြောလိုက်ပြီး ကွန်းခရဲ့
ပါးပြင်ထက်က မျက်ရည်စတွေကို လက်နဲ့ဖွဖွ
သုတ်ပေးလိုက်သည်။

ကွန်းခ က သူ့ကို သာ ငေးစိုက်ကြည့်၍
ငြိမ်သက်တိတ်ဆိတ်နေ၏။

"ဘာလို့ အခုထိ အပြင်မှာရှိနေတာလဲ ။ အရက်ကလည်း
ဘယ်သူနဲ့သွားသောက်တာလဲ ။ အန်တီမြတ်ရော
သိရဲ့လား။ အိမ်ကနေ စိတ်ပူနေဦးမယ်.."

ယံသွန်းညို လေသံဖျော့ဖျော့ဖြင့် ဆူလိုက်သည့်အခါမှ
ကွန်းခ က..

"Guide သင်ပြီး သူငယ်ချင်းနဲ့ တွေ့ဦးမယ်လို့
ပြောထားတယ်"

"အဲ့ဒီသူငယ်ချင်းနဲ့ သောက်လာတာလား"

"ဟုတ်တယ်"

"အတတ်ကောင်းတွေတတ်နေ"

"အခုမှ သောက်ဖူးတာပါ"

"မသောက်ဖူးဘဲ အခုမှ ဘာလို့သောက်တာလဲ"

ယံသွန်းညို မေးလိုက်သည့်အခါ ဘုန်းလျှံကွန်းခ က
တစ်ချက်ကြည့်လာပြီးမှ မျက်နှာလွှဲသွားကာ
လေသံတိုးတိုးဖြင့်..

"မင်းကို ခဏလောက်မေ့ထားချင်လို့"

ယံသွန်းညိုက ခပ်တိုးတိုးရယ်လိုက်ပြီး..

"မေ့ထားမယ်ဆိုတဲ့သူကလည်း
အိမ်အထိရောက်လာပြီး လာငိုနေတယ်နော်။
ဘယ်လိုပါလိမ့်"

"ပြန်တော့မယ်"

ကွန်းခ က မျက်ခုံးတို့တွန့်ချိုးလျက်
ချက်ချင်း လှည့်ထွက်ဖို့ပြင်သည်။

ထိုအခါကျပြန်တော့လည်း ယံသွန်းညို မနေနိုင်။
ကွန်းခရဲ့ လက်ကို ဆွဲထားလိုက်ရပြန်၏။

"စနေတာလေ...မင်းနော် ..ကွန်းခ ၊
အရမ်းဆိုးနေ"

"ကျွန်တော် နားချင်ပြီ"

"တကယ်အိမ်ပြန်တော့မလို့လား"

"အင်း"

Beyond All Measures  (COMPLETED)Where stories live. Discover now