အပိုင်း(၁၀)

26.6K 2.2K 99
                                    

"ဟဲ့ မြေး မနက်စောစော ဘယ်သွားမလို့လဲ"

အပြင်ထွက်ဖို့ပြင်နေသည့် ယံသွန်းညိုက
ဘွားရဲ့အသံကြောင့် ဟီးခနဲ ရယ်၍
ဘွားရှိရာ မီးဖိုခန်းဘက်သို့ ခြေလှမ်းများကို ပြန်လည်
ဦးတည်လိုက်၏။

"ကောင်းဟန်တို့ အိမ်သွားမလို့ ဘွား။
သူက မနေ့က
စာအုပ်ဆိုင်ကနေ သားကြိုက်တဲ့ စာရေးဆရာရဲ့
စာအုပ်အသစ် ငှါးပေးထားတယ်ဆိုလို့ အဲ့ဒါသွားယူမလို့.."

"မနက်စာတော့ စားသွားဦးလေ..အခုပဲ မနက် ၉ နာရီရှိပြီ"

" ချက်ချင်းပြန်လာမှာ ဘွားရဲ့ ပြန်လာမှစားတော့မယိ"

"ဒါဆိုလည်း ကောင်းဟန်တို့အိမ်အတွက် ယူသွားဦး။
ဘွား မုန့်တီပြင်ထားတယ်"

"ဟုတ်"

"ဝိုင်းဝိုင်း ငါးဆင့်ချိုင့်ယူခဲ့ဦး သမီး"

ဘွားပြင်ဆင်နေခိုက် ယံသွန်းညို က ထမင်းစားပွဲတွင်
ဝင်ထိုင်လိုက်သည်။ ထို့နောက် ရှေ့တွင်ချထားသော
အကြော်ပန်းကန်မှ ဘူးသီးကြော်တစ်ခုကိုပါ
ယူစားနေလိုက်သည်။

"ဘွား ဒီတိုင်းပဲ ပြင်ပေးလိုက်မယ်နော်။
မနယ်ပေးလိုက်တော့ဘူး ။
သားရဲ့ အန်တီမြတ်ကိုပြောလိုက်ဦး"

"ဟုတ်"

"ဟင်းရည်ချိုင့်ပါတယ်နော်။ မမှောက်အောင်
သေချာ ကိုင်သွား"

"ဟုတ် ဘွား"

ဘွားက ချိုင့်အားလုံးဆင့်ပြီးနောက်
အပေါ်ဆုံးချိုင့်တွင် အကြော်ထည့်ရန်ပြင်သည်။

"ဘွား .. တို့ဟူးကြော် ပဲထည့်ပေး.။
ကွန်းခ က တို့ဟူးကြော်က လွဲပြီး
ကျန်တဲ့အကြော် မစားဘူး ။
ကောင်းဟန်နဲ့ အန်တီမြတ်လည်း
တိုဟူးကြော် စားတယ်"

ဘွားက ခပ်ပြုံးပြုံးလုပ်ကာ ယံသွန်းညိုရဲ့
ခေါင်းကိုသာ အသာပုတ်သည်။

"ကဲ ရော့ ။ ပြန်လာမယ်ဆို ပြန်လာနော်။
မနက်စာအတူစားဖို့ ဘွားစောင့်နေမှာ"

Beyond All Measures  (COMPLETED)Where stories live. Discover now