EXTRA END.

38.6K 2.1K 80
                                    

"အန်တီမြတ်ရေ .. သမီးအလည်လာတယ်"

ကားတံခါးကိုပိတ်ကာ အိမ်ထဲသို့ ဝင်ဝင်ချင်း
မြတ်နေခြည်ငြိမ်း အသံရွှင်ရွှင်လေးဖြင့် ပြောလိုက်သည်။

ဒီနေ့ဥပုသ်နေ့မို့ ပွဲရုံပိတ်တာကြောင့် အစ်ကိုလည်း
အိမ်မှာ ရှိနေမည်။ သူမသည်လည်း ညနေမှသာ
ဆေးရုံကို သွားရမှာဖြစ်တာကြောင့် အစ်ကို့ကို
ကြိုမပြောဘဲ အစ်ကို့အိမ်သို့လာခဲ့ခြင်းပင်။

သူမ ကြိုမှန်းထားသည့် အတိုင်းပင် သူမ
အိမ်ထဲသို့ ဝင်လာသည့်အခါတွင် ဧည့်ခန်းတွင်ထိုင်၍
စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည့် သူမ၏ ချစ်သူ
က တအံ့တဩဖြင့် ပြုံး၍ ကြည့်လာပြီး

" နေခြည် ..
လာမယ်ဆို အစ်ကို့ကို ကြိုပြောတာမဟုတ်ဘူး။
အိမ်ကို လာကြိုမှာပေါ့"

သူမဆီလျှောက်လာ၍ ပြောသည့် အစ်ကို့ကို ကြည့်၍
ပြုံးစိစိသာ လုပ်နေလိုက်မိသည်။
အစ်ကိုကတော့ သူမရဲ့ ခေါင်းလေးကိုသာ
ဖွဖွပုတ်လာ၏။

"လက်ထဲကရော ဘာတွေလဲ"

"ဒါလား ။အန်တီမြတ်ကြိုက်တဲ့ ဒေါ်ရှိ နှမ်းမနဲ နဲ့
ကိုယံသွန်းညိုကြိုက်တဲ့ ပဲမြစ်အုန်းနို့စမ်း ။ မနက်က
မေမေနဲ့ ဘုရားကြီးသွားလို့ ကြုံလို့ ဝယ်ပေးခဲ့တာ"

အစ်ကိုက တစ်ချက်ပြုံးကြည့်ပြီးမှ မေးဆတ်ပြကာ

"အစ်ကို့အတွက်ရော"

"ဟင်"

"အစ်ကို့အတွက် ဘာပါလဲလို့"

"ဪ ပါတယ်လေ"

"ဘယ်မှာလဲ ဒါဆို.."

"ဒီမှာလေ"

နေခြည်က ပြုံးတုံ့တုံ့မျက်နှာလေးဖြင့်
သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်သည့်အခါ
အစ်ကိုက နှစ်ခြိုက်စွာရယ်ပြီးမှ သူမရဲ့ နဖူးကို ဖျတ်ခနဲ
ဖွဖွနမ်းလာ၏။

"ဒီကလေးမလေး သိပ်စကားတတ်တာပဲ"

"အစ်ကို.. အိမ်ကလူတွေမြင်သွားမယ်"

ပါးမို့မို့တို့ ပန်းသွေးရောင်ခြယ်လျက် မြတ်နေခြည်ငြိမ်း
ပြောသည့်အခါ ဘုန်းဇေကောင်းဟန်က ပြုံးလိုက်ပြီး..

Beyond All Measures  (COMPLETED)Where stories live. Discover now