အပိုင်း(၂၂)

34.4K 2.4K 123
                                    

အန်တီမြတ်ကို မေမေပေးခိုင်းသည့်
အသီး လက်ဆောင်တွေလည်း
ပေးရင်း၊ ဘုန်းလျှံကိုလည်း သူမ ဝယ်ထားသည့်
မွေးနေ့လက်ဆောင်အား ပေးမည် ဆိုသည့်
ရည်ရွယ်ချက်ဖြင့် အန်တီမြတ်တို့ အိမ်ကို
မြတ်နေခြည်ငြိမ်း ရောက်ခဲ့သည်။

သို့သော် သူမ ရောက်သည့်အခါ အိမ်ကျယ်ကြီးသည်
ပကတိ တိတ်ဆိတ်နေလျက်ရှိပြီး ဘယ်သူ့ကိုမှလည်း
မတွေ့ရပေ။

"အန်တီမြတ်.."

"ဘုန်းလျှံ..."

သူမ ခပ်တိုးတိုး ခေါ်လိုက်သည့် အခါတွင်လည်း
တုံ့ပြန်မှု နတ္ထိ။

အတန်ကြာသည်အထိလည်း ဘယ်သူမှ မထွက်လာ၍
ယောင်လည်လည်လေး ဖြစ်လာရတော့သည်။

"ဘယ်များသွားကြတာလဲ မသိဘူး.."

ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

ထိုအခိုက်တွင် သူမရဲ့ အနောက်နားဆီမှနေ၍
တည်ငြိမ်အေးဆေးသည့် လေသံဖြင့်
ပြောလိုက်သည့်စကားတစ်ခွန်းကို ကြားလိုက်ရတော့၏။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

ရုတ်တရက် ဖြစ်၍ နေခြည့် ရင်ထဲ
ထိတ်ခနဲ ဖြစ်သွားရပြီး
အနောက်ကို ခပ်မြန်မြန်လှည့်ကြည့်လိုက်မိသည့်
အချိန် တွင် ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားကာ
ခြေထောက်က ခွေခနဲ ဖြစ်သွားကာ ယိုင်သွားရသည်။

ထိုအခါ ထိုလူက နေခြည့် လက်မောင်းရင်းမှနေ၍
ဆွဲကိုင်ကာ ထိန်းပေးလိုက်သည်။

အနီရောင်ပါတိတ် ဝမ်းဆက် လက်တိုလေး ဝတ်ထားသည့်
နေခြည့်ရဲ့ လက်မောင်းသားဖြူဝင်းဝင်းကို
မြဲမြံစွာဆုပ်ကိုင်လျက် ရှိနေသည့် လက်တို့က
ယောကျာ်းလေးတစ်ယောက်ရဲ့ လက်လို့ပင်
ထင်နိုင်ဖွယ်မရှိအောင် လက်ချောင်းထိပ်လေးတွေက
ပန်းရောင်သန်းနေကာ သွယ်လျလျ။

"Sorry ညီမလေး။ အစ်ကိုက မင်းလဲကျသွားမှာစိုးလို့"

သူက ပြံးရိပ်ဆင်သည့် မျက်နှာဖြင့်
ခပ်အေးအေး ပြောရင်း လက်ကိုဖယ်သွားလေသည်။

Beyond All Measures  (COMPLETED)Where stories live. Discover now