အပိုင်း(၁၉)

31.2K 2.5K 162
                                    


"ကိုကိုက ဘာလို့ ဒီလို တရားခံစစ်လာစစ်နေတာလဲ။
ယွန်းမကြိုက်ဘူးလို့ပြောထားတယ်လေ"

အခုတလော ဘုန်းဇေကောင်းဟန် အလုပ်တွေရှုပ်နေပေမဲ့
ယွန်းရဲ့ ကျောင်းပိတ်ရက်မှာတော့
ဖြေရှင်းစရာရှိသည့် ကိစ္စတွေလည်း ဖြေရှင်းဖို့
အချိန်ယူပြီး တွေ့ဖြစ်ခဲ့သည်။

ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး အတူထိုင်ပြီး
ယွန်းစားချင်သည့်ဆိုင်မှာလည်း လိုက်ကျွေးရင်း
အဆင်ပြေပြေရှိနေခဲ့ကြသေးပေမဲ့
အပြန်လမ်း လူရှင်းသည့် နေရာမှာ ကားကိုခဏရပ်ရင်း စကားပြောသည့်အချိန်တွင်တော့
ပြဿနာတက်တော့တာဖြစ်၏။

"ကိုကို တရားခံ စစ်စစ်နေတာမဟုတ်ဘူး။
မင်းကို ယုံပေးချင်လို့ မေးနေတာ ယွန်း..တခြားလူတွေ
ပြောတဲ့စကားတွေကလည်း.."

"ဘာလို့ အဲ့ အလုပ်မရှိ အကိုင်မရှိ ၊ သူများအကြောင်း
လောက်ထိုင်ပြောနေတဲ့ ဟာတွေကို ဂရုစိုက်နေရတာလဲ"

" ကိုကိုသူများပြောတဲ့ စကားတွေ
ဂရုစိုက်နေတာမဟုတ်ဘူး။ ကိုကို့မျက်စိနဲ့ ကိုယ်တိုင်
တွေ့ရတဲ့ ကိစ္စကိုပဲ မင်းကိုမေးနေတာ ။
လွန်ခဲ့တဲ့ တစ်ပတ် စနေနေ့က မင်းသူငယ်ချင်းအိမ်မှာ
အတူစာကျက်နေတယ်ပြောပြီး ဘာလို့ ယောကျာ်းလေး
တစ်ယောက်နဲ့ ဆိုင်လာထိုင်ရတာလဲ။
မင်းအဲ့ဒီကောင်လေး လက်ကိုပါ တွဲထားတာ ကို
ကိုကိုမြင်တယ်  ယွန်းနဒီလွင်"

ဘုန်းဇေကောင်းဟန် က တည်တည်တင်းတင်း
လေသံနဲ့ပြောလိုက်သည့်အခါ ယွန်းနဒီလွင် က
တိတ်ဆိတ်သွားခဲ့သည်။

"မင်းအပေါ်မှာ ကိုကို ဘာလိုအပ်တာများရှိခဲ့ဖူးလဲ.."

"လိုအပ်တယ်။ ဘယ်မှာလဲ ငါ့အတွက်
နင်ပေးတဲ့ဂရုစိုက်မှု၊ နင်ကအမြဲတမ်းနင့်အလုပ်၊
နင့်အလုပ် အဲ့ဒါချည်းပဲ.."

"နင်လို့ မပြောနဲ့ ယွန်း။
ကိုကိုတို့ အခု ရန်ဖြစ်နေတာ မဟုတ်ဘူး။
ရှေ့ဆက်ဖို့အတွက် အဖုအထစ်ဖြစ်နေတာကို ညှိနေတာ.."

Beyond All Measures  (COMPLETED)Where stories live. Discover now