အပိုင်း(၂၁)

29.5K 2.2K 232
                                    


Guide သင်ပြီး ဘုန်းလျှံကွန်းခ
အိမ်ပြန်ရောက်သည့်အချိန်သည်
ည၈နာရီကျော်ပေပြီ။

တစ်နေ့လျှင် ရေနှစ်ခေါက်ချိုးမှသာ နေတတ်သည့်သူမို့
ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်ပြီးမှ
မေမေတို့နဲ့အတူ ထမင်းစားသည်။

ည ၉ နာရီခွဲခန့်တွင် ကွန်းခ
ကျောင်းစာ ခဏဖတ်နေသည့်အချိန်
တွင်တော့ မေမေက အသီးတစ်ပန်းကန်ယူကာ
အခန်းထဲသို့ ဝင်လာခဲ့၏။

"သားလေး မွေးနေ့မှာ ဘာလုပ်ချင်လဲ"

မေမေက သူ့စာကြည့်စားပွဲတွင်
အသီးပန်းကန်အား တင်ပေးလိုက်ပြီး သူ့ခေါင်းကို
ဖွဖွပုတ်ကာ မေးလာသည်။

"ရပါတယ် မေမေ။ ထွေထွေထူးထူး မလုပ်ပါနဲ့"

"အရင်နှစ်တွေကလိုပဲ ဘုရားပဲ သွားမလား။
ဒါမှမဟုတ် မေမေ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ပြီး
သားရဲ့ သူငယ်ချင်းလေးတွေကို မုန့်ခေါ်ကျွေးတာမျိုး
လုပ်ချင်လား"

"တော်ပါပြီ မေမေ။ အဲ့ဒီနေ့က ကျောင်းဖွင့်ရက်ကျမှာ
ဆိုတော့ သူငယ်ချင်းတွေကို မခေါ်တော့ပါဘူး"

"သားရော ကျောင်းသွားမလို့လား"

ဘုန်းလျှံကွန်းခ ခပ်တိုးတိုးရယ်လိုက်မိပြီးမှ
ခေါင်းခါပြလိုက်သည်။ ဟုတ်သည်။ အဲ့ဒီနေ့တွင်တော့
သူကျောင်းမသွားဖို့ တွေးထားပြီးပြီ။
သူမွေးနေ့ အဲ့ဒီနေ့ မှာ ယံသွန်းညိုက သူ့ကို
အဖြေပေးမည် မဟုတ်လား။

"သား သွားစရာရှိလို့လား"

"ဟုတ် မေမေ ။ ကျွန်တော် တွေ့စရာလေးရှိလို့"

မေမေက ခပ်ပြုံးပြုံးဖြင့်သာ
ခေါင်းညိတ်ပြလေသည်။

သူသည် အရွယ်ရောက်ပြီး
လူတစ်ယောက်ဖြစ်တာကြောင့် မေမေကလည်း သူ့ကို
ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးကာ ၊
သူ့ကိစ္စတွေတော်တော်များများကို
ဝင်မစွက်ဖက်ဘဲ သူ့ privacy ကိုလည်း
လေးစားပေးပါသည်။

"ဒါဆို ဒီလိုလုပ်။ မနက်ဖြန်တော့
သား အပြင်သွားစရာရှိတာ
သွား။ လာမယ့် စနေ ၊ တနင်္ဂနွေ တစ်ရက်ရက်ကျရင်တော့
မေမေတို့နဲ့အတူ ဆိုင်တစ်ဆိုင်ဆိုင်မှာ
သွားစားကြရအောင်လေ"

Beyond All Measures  (COMPLETED)Where stories live. Discover now