ဇာတ်သိမ်းပိုင်း

50.7K 2.5K 214
                                    


အိပ်ရာနိုး၍ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင်
ယံသွန်းညိုရဲ့ မြင်ကွင်းဆီသို့ ရောက်လာသည်က
ဘုန်းလျှံကွန်းခ၏ ဖြူကြည်သည့် အသားအရေဖြင့်
အဆီပိုမရှိကျစ်လျစ်နေသော ရင်ခွင်ကျယ်
တစ်ခုပင်ဖြစ်ပါ၏။

နှာဖျားတွင် ကျီစယ်နေသော ကွန်းခဆီမှ
ကိုယ်သင်းရနံ့ တစ်ခုနဲ့အတူ မနေ့ညက
မှတ်ဉာဏ်အချို့က ခေါင်းထဲမှာ အစီအရီ ပေါ်လာသဖြင့်
ယံသွန်းညိုရဲ့ ပါးပြင်လေးတွေမှာ နီစွေးသွားရသည်။

ရှက်ပါသည်ဆိုပါမှ မျက်နှာချင်းဆိုင်
အနေအထားဖြင့်ရင်ခွင်ထဲရောက်နေ၍ ၊
အိပ်နေသည့်ကွန်းခကို ကျောပေးပြီး
စောင်ကို ခေါင်းမြီးခြုံလိုက်မိသည်။

ကွန်းခ နိုးလာရင် ကွန်းခ မျက်နှာကို
ဘယ်လို ကြည့်ရတော့မလဲ။

ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ တွေးရင်း
ယံသွန်းညို ကိုယ့်အောက်ကိုယ်
ခေါင်းလေးငုံ့ကြည့်လိုက်မိသည်။

ညအိပ်ဝတ်စုံလေးက ပြန်ဝတ်ထားပြီးသားဖြစ်နေပေပြီ။
ခန္ဓာကိုယ်ချင်းနှီးနောခဲ့တာကြောင့်
အနည်းငယ် နာကျင်နေရုံကလွဲ အားလုံးက
သန့်ရှင်းနေတာကြောင့် မနေ့ညက သူအိပ်ပျော်သွားသည့်နောက် ကွန်းခ က သူ့ကို သန့်ရှင်းပေးခဲ့သည်ထင်၏။

"ရှက်လို့သေတော့မယ်"

ခပ်တိုးတိုးလေးရေရွတ်လိုက်မိသည်။
ထိုအချိန် သူ့ရဲ့ခါးသေးသေးကို အနောက်မှ
ဆွဲဖက်လိုက်တာကို ခံလိုက်ရပြီးနောက်

"နိုးနေပြီလား ကလေးလေး"

စောင်ထဲမှ ခေါင်းလေးထွက်၍ ကွန်းခကို
ယံသွန်းညိုလှည့်ကြည့်လိုက်သည်။

ဘုန်းလျှံကွန်းခက ယံသွန်းညိုရဲ့ နှာခေါင်းထိပ်လေးအား
တစ်ချက်ဖိနမ်းလာပြီးမှ..

"တစ်နေရာရာက အရမ်းနာနေတာမျိုးရှိလား"

ယံသွန်းညိုရဲ့ ပါးပြင်လေးတွေက သိသိသာသာ
နီစွေးသွားသည်။ ထို့နောက်မှ အသံတိုးတိုးလေးဖြင့်

Beyond All Measures  (COMPLETED)Where stories live. Discover now