အပိုင်း(၁၃)

26.3K 2.2K 101
                                    


တစ်ခါတလေမှာ ကိုယ်ဖြစ်ချင်တာ မဖြစ်လာဘဲ
ကံကြမ္မာစေခိုင်းရာအရ
သူဖြစ်ချင်တာပဲ ဖြစ်သွားတတ်တာက
လူ့လောကရဲ့ ဓမ္မတာပဲလား..။

စာသိပ်တော်တဲ့ ကောင်းဟန်၊
ဆေးတက္ကသိုလ်တက်ချင်တဲ့ ကောင်းဟန်က
အောင်စာရင်းထွက်လာခဲ့တဲ့အခါတွင်တော့
ဂုဏ်ထူး နှစ်ဘာသာပဲ ရခဲ့ပြီး
ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကိုလည်း ငါးမှတ်ဖြင့်
ကပ်ပြုတ်ခဲ့လေရဲ့။

ယံသွန်းညိုကတော့ အင်္ဂလိပ်စာ
ဂုဏ်ထူးတစ်ခုပါခဲ့ပြီး အမှတ်ကလည်း
တွေးထားခဲ့ဖူးတဲ့အတိုင်း
မန္တလေးတက္ကသိုလ်ကို တက်နိုင်သည့် အမှတ်ပေါင်းကို
ရခဲ့သည်။

သို့သော် တက္ကသိုလ်တွေလျှောက်ရမည့်အချိန်အထိ
သူတို့ ဘယ်တက္ကသိုလ် တက်မလဲဆိုတာကို
မရွေးချယ်ရသေးချေ။

ကောင်းဟန်က ချွတ်ချော်သွားတဲ့
ဘဝလမ်းကြောင်းတစ်ခုကြောင့် နောက်ထပ်
ဘယ်လိုပန်းတိုင်မျိုးကို လှမ်းရမလဲဆိုတာကို
မစဉ်းစားနိုင်သေးတာဖြစ်ပြီး ..
ယံသွန်းညိုကတော့ အဘွားဆုံးပြီးစ အချိန်ဖြစ်၍
စိတ်တွင်အဆင်မပြေနေဆဲဖြစ်ကာ ထိုကိစ္စကိုပင်
သေချာ မတွေးနိုင်သေး၍ ဖြစ်၏။

ယွန်းကတော့ သူမရဲ့မိဘတွေအလိုရှိရာ၊
သူမ အလိုရှိရာအတိုင်း TU ( Technology University) တွင်တက်ဖို့လျှောက်ထားလေ၏။

"ကောင်းဟန် သား ဘာလုပ်ချင်လဲ။
ဘယ်တက္ကသိုလ်ကို သားတက်ချင်လဲ။
သားရဲ့အမှတ်က ရွေးလို့ရပါတယ်။
UMM မဟုတ်ရင်တောင် တခြား ဆေးဘက်ဆိုင်ရာ
တက္ကသိုလ် တစ်ခုခုဆိုရင်ရော သား.."

ဒေါ်မြတ်ပန်းချီက ဘုန်းဇေကောင်းဟန်ရဲ့ အခန်းထဲကို
ဝင်လာခဲ့ကာ စာကြည့်စားပွဲတွင် စာအုပ်တစ်အုပ်
ထိုင်ဖတ်နေသော သူမရဲ့ သားကြီးကို
စကားစလိုက်၏။

သူမ က အပြစ်တင်ခြင်းတစ်စုံတရာ မပြုခဲ့ပေမဲ့
သားကြီးက အခုတလော စိတ်ရှုပ်၊ စိတ်ညစ်နေတာ
ကို သိသည်။ အခုရက်ပိုင်း သူမကိုပင် စကားဟဟ
သိပ်မပြောလာခဲ့ဘူးလေ..။

"သားမစဉ်းစားရသေးဘူး မေမေ"

"သား ..နောက်တစ်ခု သားစဉ်းစားခွင့်ရှိသေးတယ်နော်..
သားတခြား ဘယ်တက္ကသိုလ်ကိုမှ
မတက်ချင်တော့ဘူးဆိုရင် အဝေးသင်ယူပြီးပဲဖြစ်ဖြစ်
မေမေ့လုပ်ငန်းတွေကို ဦးဆောင်ပြီး စီးပွါးရေး
လောကထဲကို ဝင်လို့ရတယ် သား။
ဘာပဲဖြစ်ဖြစ် မေမေပိုင်ဆိုင်သမျှက သားနဲ့ ညီလေး
အတွက်ပဲလေ..။
မင်းသာဦးစီးမယ်ဆိုရင် မေမေ အနားယူလို့ရတာပေါ့
သားရယ်"

Beyond All Measures  (COMPLETED)Where stories live. Discover now