အပိုင်း(၁၄)

28.3K 2.4K 139
                                    



အချိန်ကား ၃ နှစ်ကျော်ခန့်
ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုအချိန် အတိုင်းအတာဟာ
ကိစ္စတော်တော်များများကိုလည်း
ပြောင်းလဲစေနိုင်ခဲ့ပြီဖြစ်၏။



~~



မန္တလေးမြို့၏ မြို့လယ်​ခေါင်တွင်
မျက်စိမလွှဲနိုင်အောင်ထိ ဆွဲဆောင်မှုရှိစွာ
ဆောက်လုပ်ထားသည့် Fashion Shop
တစ်ခုရှိသည်။ ထို Fashion shop ဖွင့်ထားသည့်
အဆောက်အဦးသည် ၃ ထပ်ရှိပြီး ၃ ထပ်လုံးတွင်ကား
ခေါင်းမှ ခြေအဆုံး Branded
ယောကျာ်းလေး အသုံးအဆောင် ၊အဝတ်အထည် ၊
ခါးပတ် နဲ့  sneakers , shoes များအထိ စုံလင်စွာရနိုင်၏။

ထို့ပြင် ဆက်ဆံရေး ပြေပြစ်မှုနဲ့ ဆိုင်တွင် တင်ထားသော
ပစ္စည်း၏ Quality မှ အစ တာဝန်ယူမှု ၊
တာဝန်ခံမှု ရှိတာကြောင့် Golden Hue ဟု အမည်ရသည့်
ထို ဆိုင်သည် လူငယ်ယောကျာ်းလေးများမှစ၍
လုပ်ငန်းရှင်များ၊ သက်လတ်ပိုင်း
ယောကျာ်းကြီးများ၏ ရွေးချယ်ရာ ဖြစ်နေပါတော့သည်။

နောက်တစ်ခုက ထိုသို့ တရှိန်ထိုး အောင်မြင်နေသည့်
ဆိုင်ကို ဦးစီးနေသည့်သူက အသက် ၂၀ကျော် ခန့်သာ
ရှိသေးသော ယောကျာ်းလေးနှစ်ယောက် ဟု
သိရတာကြောင့်ပို၍ အံ့ဩစရာလည်း
ကောင်းနေပါသေးသည်။


"ယံသွန်းညိုရောက်နေပြီလား"

"မရောက်သေးဘူး အစ်ကိုကောင်းဆက်"

"အေးအေး ဟုတ်ပြီ ။
အိမ်ကထွက်သွားပြီး
ဒီကောင်ဘယ်ဝေ့နေပြန်ပြီလဲ မသိပါဘူး"

"ဘယ်မှ မဝေ့ဘူး လာပြီ"

ပြောပြောဆိုဆိုနဲ့ ဆိုင်၏အနောက်ပေါက်က မှန်တံခါးကို
တွန်းဖွင့်ကာဝင်ခဲ့ပြီး ပြောလိုက်သည့် အသံကို
ကြားလိုက်ရသည့်အတွက်ကြောင့် ကောင်းဆက်
လှည့်ကြည့်လိုက်သည်။

သူ့ကို မကျေမနပ်တစ်ချက်ကြည့်ကာ ကားသော့ကို
ဘေးက စားပွဲကို တင်လိုက်တဲ့ ယံသွန်းညိုကို
ဇွဲကောင်းဆက်က တစ်ချက် ဟဲခနဲ ရယ်ပြလိုက်သည်။

"မင်းက ငါ့ရှေ့ကထွက်သွားပြီး
ရောက်မလာသေးလို့ပါကွာ"

Beyond All Measures  (COMPLETED)Where stories live. Discover now