အပိုင်း(၁၈)

44K 3K 166
                                        



အချိန်ကား ည ၁ နာရီ ခွဲခန့် ရှိပေပြီ။
Newsfeed ကို အပြန်ပြန်အလှန်ပွတ်ဆွဲကာ ကြည့်နေပြီး
ယံသွန်းညို အိပ်မပျော်သေး။

ဇာတ်ကားလည်း မကြည့်ချင်တာကြောင့်
ဆိုင်ရဲ့ Page messenger ထဲကို ဝင်ကြည့်ကာ
ခန့်ထားသည့် Page Admin တွေ reply ပြန်တာ အဆင်ပြေမပြေ လိုက်ကြည့်နေလိုက်သေးသည်။

အကုန်လုံးက အဆင်ပြေပြေ ရှိနေသည် ဖြစ်၍
သူ့ account messenger ထဲကို ပြန်ဝင်လာသည့်အခါတွင်
Active now ဖြစ်လာသည့် Bhone Shan Koon Kha
ဆိုသည့် account ကိုတွေ့လိုက်ရ၍ သူ့ကိုယ်သူပင်
သတိမထားမိဘဲ တစ်ချက် ပြုံးမိသွားလေ၏။

ပုံမှန်အတိုင်းဆို အဲ့ဒီကောင်လေးက ညဘက် ၁၀ နာရီလောက်ထိပဲ သူနဲ့ စကားပြောပြီးတာနဲ့
အိပ်သွားတတ်သည်ပင်။ ဘာလို့ဒီနေ့ကျမှ ဒီအချိန်
Active now ဖြစ်လာပါလိမ့်။

ယံသွန်းညို message လေးတစ်စောင်
သွားပို့လိုက်မိသည်။

'နိုးလာတာလား မအိပ်တာလား'

ကွန်းခ က သူ့message ကို seen ပြသွားသည်။
သို့သော် အချိန်တော်တော်ကြာသည်အထိ reply
ပြန်မလာခဲ့ပေ။
နောက် ၁၀ မိနစ်လောက်ရှိသည့်အခါတွင်တော့ line
ပြန် out သွား၏။

ယံသွန်းညို မျက်မှောင်ကြုတ်လိုက်မိတော့သည်။

ဒီကောင်လေး သူ့ကို မကျေမနပ်ဖြစ်စရာ
တစ်ခုခုများ ရှိနေတာလား...။

အခုမှ သေချာတွေးမိသည်။

သူတို့new ocean
သွားခဲ့တဲ့ဗုဒ္ဓဟူးနေ့ ကတည်းက အခု
စနေနေ့ရောက်သည်အထိ ကွန်းခ က သူ့ကို
ဖုန်းမဆက်လာခဲ့သလို  messenger မှာလည်း
စာမပို့ဘဲ နေနေတာပဲ။

ဒီရက်ပိုင်းမှာ ဆိုင်ကိုပစ္စည်းအဝင်တွေရှိ၍
ယံသွန်းညို အလုပ်ရှုပ်နေသဖြင့် သတိမထားမိဘဲ
ရှိနေရာမှ အခုမှ သတိရမိလာခြင်း ဖြစ်သည်။

တကယ်ပဲ။

ကွန်းခက သူ့ကို ၊ ဘာဖြစ်သွားတာလဲ ၊
ဆိုတာ ယံသွန်းညို မတွေးတတ်တော့ပါ။


~~~~~~~~~~~~~~~~~~~


"ဘာဖြစ်ရမှာလဲ မင်းကို စိတ်ဆိုးနေတာပေါ့ ငတုံးရဲ့"

Beyond All Measures  (COMPLETED)Where stories live. Discover now