အပိုင်း(၅)

28.6K 2.5K 104
                                    

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်၍ မနက် ၈ နာရီကနေ
နေ့လယ်၁၂ ထိ ကျူရှင်ချိန်ရှိသည်။

ပုံမှန်အတိုင်းလိုပင်
၁၀ နာရီ ၁၅ တွင် ဆရာမက ၁၅ မိနစ်ခန့်
ခဏ အနားပေးသည့်အခါ မုန့်စားသူစား၊ အပေါ့သွားသူသွားဖြင့် ရှိနေကြ၏။

သူ့နံဘေးတွင် ငြိမ်သက်စွာထိုင်လျက်
သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်နေသည့်
ဘုန်းဇေကောင်းဟန်ကို ယံသွန်းညို
ကြည့်နေမိသည်မှာ မိနစ်တစ်ချို့ရှိနေပြီ
ဖြစ်သည်။

တိတိကျကျပြောရမည်ဆိုလျှင်
ရှုပ်ထွေးနေသည့် အတွေးတို့ကြောင့်
စကားတစ်ခွန်းကို ပြောသင့်မပြောသင့်
စဉ်းစားနေတာဖြစ်၏။

နောက်ဆုံးတွင်မူ ဆုံးဖြတ်ချက်ချလိုက်ပြီး..

"ကောင်းဟန်"

~

"အင်း ပြောလေ"

ကောင်းဟန်က စာအုပ်မှ အကြည့်မလွှဲ၊
ခပ်တိုးတိုးထူးသည်။

ဘောပင်ကို ကိုင်ထားသည့် ကောင်းဟန်ရဲ့
လက်တို့ဟာ လက်ဆစ်တို့ ခပ်ရဲရဲ
ရှိနေသည်အထိ ဖြူဖျော့ကာ သွယ်လျ၏။

မျက်လုံးလေးတွေမှေးမှိတ်ကျသွားသည်အထိ
ပြုံးတတ်သော ကောင်းဟန်ရဲ့ အပြုံးကို
သူသဘောကျရသလိုပဲ ..ကောင်းဟန်ရဲ့
သွယ်လျလျ လက်တို့၏ လှုပ်ရှားမှုတိုင်းကို
တိတ်တဆိတ်ငေးရတာကိုလည်း သူ
နှစ်ခြိုက်ရလေရဲ့။

"မနေ့က ..... ငါမင်းအိမ်လာတော့ မင်းမရှိဘူး.."

ကောင်းဟန် က သူ့ဘက်ကို ကြည့်လာပြီးမှ
ခဏစဉ်းစားလိုက်ဟန်ရှိပြီး..

"နေ့လယ်ပိုင်းလောက်ကလား.."

"အင်း"

ကောင်းဟန်က တစ်ချက်ပြုံးလိုက်ကာ..

"ယွန်းက စာအုပ်သွားဝယ်မယ်ဆိုပြီး
လာခေါ်လို့ လိုက်သွားတာ"

"ဪ.."

ယံသွန်းညိုက ထိုမျှသာတုံ့ပြန်မိ၍
တိတ်ဆိတ်နေလိုက်မိသည်။
သူငယ်ချင်းသုံးယောက်ရှိပေမဲ့ သူကလည်း
ကောင်းဟန်ကို သံယောဇဉ်ပိုသလို..၊
ယွန်းကလည်း သူ့ထက် ကောင်းဟန်ကို
ပိုခင်တွယ်တာကို သိပြီးဖြစ်သည်။

Beyond All Measures  (COMPLETED)Where stories live. Discover now