အပိုင်း(၁၆)

30.8K 2.4K 130
                                    


"ညီလေး အခုတလော ပျော်စရာ ကိစ္စ
တစ်ခုခု ရှိနေသလိုပဲ ။ ဟုတ်တယ်မလား မေမေ"

သားအမိသုံးယောက် မနက်စာ အတူစားကြရင်း
ဘုန်းဇေကောာင်းဟန် က ပြုံးရိပ်ထင်ကာ ကြည်လင်
နေသည့် သူ့ညီလေးဖြစ်သူ၏ မျက်နှာကို သဘောတကျ
ကြည့်၍ ပြောလိုက်ပြီး အမေဖြစ်သူ
ကိုပါ ထောက်ခံစေလိုက်သည်။

ဒေါ်မြတ်ပန်းချီကလည်း က ခပ်ပြုံးပြုံးဖြင့်..

"ဟုတ်ပါ့တော်။ ဒီလောက်ထိ မျက်နှာလေး
ကြည်ရွှင်နေတာကို ဆယ်တန်းပြီးကတည်းက အခုချိန်ထိ
မတွေ့ခဲ့ရတာ ကြာပေါ့။ ဒီရက်ပိုင်းတွေမှပဲ ဒီလို
မျက်နှာလေး ပြန်တွေ့ရတော့တယ်"

ဘုန်းလျှံကွန်းခ က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီးမှ..

"အရင်နေ့တွေက စာတွေနဲ့ စိတ်ရှုပ်နေလို့ပါဗျာ..
မေမေနဲ့ ကိုကောင်းကလည်း"

"ဟုတ်ပါပြီဗျာ။ ကြိုးစားတာလည်း ကြိုးစား..
နားချိန်လေးလည်းထားဦး ကြားလား"

"ဟုတ်ကဲ့ ကိုကောင်း"

"နေဦး သားကို ထည့်ပေးဖို့ မေမေ
ပန်းသီးလေး သွားခွဲပေးမယ်။ တခြားအသီးလေးတွေရော
ဝယ်ထားတယ်။ ကျောင်းကအပြန် guide သင်ဖို့သွားရင်
စားလိုက်နော် သား"

"ဟုတ်ကဲ့ မေမေ"

ဒေါ်မြတ်ပန်းချီက ကွန်းခရဲ့ ပါးကို ချစ်စနိုးဖြင့် ဖွဖွလေး
ပွတ်လိုက်ပြီးမှ မီးဖိုခန်းဘက်သို့ ဝင်သွားလေ၏။

ဘုန်းဇေကောင်းဟန်က သူ့အရှေ့က အကြော်ပန်းကန်ထဲမှ
တို့ဟူးကြော်တချို့ကို ရွေးပြီး မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်ဘုန်းလျှံကွန်းခရဲ့ ပန်းကန်ထဲကို
ထည့်ပေးလိုက်သည်။

"ညီလေး မင်း ရည်းစားလေးဘာလေးရော
ထားချင်စိတ်မရှိသေးဘူးလား"

အချိန်အတန်ကြာသည်အထိ
သူ့မေးခွန်းကိုမဖြေလာဘဲ
မသိမသာလေး ပြုံး၍သာ တိတ်ဆိတ်နေသော ကွန်းခကို တစ်ချက်ကြည့်ကာ အကဲခတ် လိုက်ပြီးမှ
ကောင်းဟန် ခပ်တိုးတိုး ရယ်လိုက်တော့သည်။

ကြည့်ရတာ ကွန်းခလေးလည်း
ရင်ခုန်ရမယ့်လူတစ်ယောက်ယောက်ကို
ရှာတွေ့နေပြီထင်ပါရဲ့။




Beyond All Measures  (COMPLETED)حيث تعيش القصص. اكتشف الآن