အပိုင်း(၂၄)

32.9K 2.4K 226
                                    

ပြောချင်တာပြောကာ ဖုန်းချပြီးသည့်နောက်
ယံသွန်းညို ခုတင်ပေါ်တက်၍ စောင်ကို
ခေါင်းမြီးခြုံကာ မျက်လုံးတွေကို
ခပ်တင်းတင်းမှိတ်ချပစ်လိုက်သည်။

မကျေနပ်စိတ်တို့က ရင်ထဲမှ
တလှိုက်လှိုက်ဆန်တက်လာ၏။

မရ ။ သူလုံးဝ အိပ်ပျော်မည် မဟုတ်။

"တောက်!"

စောင်ထဲမှထွက်၍ ထထိုင်ကာ
တောက်ခေါက်ပစ်လိုက်ပြီး ဘေးတွင်ချထားသည့်ဖုန်းကို
ယူကာ စက်ပြန်ဖွင့်ပြီး ကွန်းခကို
ဖုန်းဆက်လိုက်ပြန်သည်။

တစ်ဖက်က ကိုင်လိုက်သည့်အခါတွင်တော့

"မင်းအခုချက်ချင်း ငါ့အိမ်ကို လာခဲ့ ဘုန်းလျှံကွန်းခ !!
ဒီည မင်းနဲ့ ငါတွေ့ရမှဖြစ်မယ်"

"ကျွန်တော်အခု လာနေတယ် ယံသွန်းညို။
မင်းကွန်ဒိုကိုရောက်တော့မယ်"

ကွန်းခရဲ့ ခပ်ဖျော့ဖျော့အသံဖြင့်
ပြောလိုက်သည့်စကားအဆုံး
ယံသွန်းညို ဖုန်းကို ချပစ်လိုက်တော့သည်။

ထို့နောက် အခန်းပြင်ကို ထွက်ခဲ့ပြီး ဧည့်ခန်းတွင်
ထိုင်စောင့်နေလိုက်၏။

ဒီလို ကြုံလာရတော့မှ သူသိသည်။
အချိန်တိုအတွင်းမှာပဲ ကွန်းခ ကို သူ့နှလုံးသားထဲမှာ
နေရာတိတိကျကျ ပေးမိထားပြီပဲ။

ငယ်ငယ်ကတည်းက ချည်ခဲ့တဲ့
သံယောဇဉ်ကြိုးတွေက အချစ်ဆိုသည့် ခေါင်းစဉ်
အောက်ကို ရောက်သွားသည့်အခါ ပို၍ အားပြင်းစွာ
နှောင်တွယ် ရစ်ငင်သွားခဲ့ရသည်ထင်သည်။

ကွန်းခ နဲ့ သူနဲ့ကြား အတားအဆီးနှယ် ရှိနေသည့်အရာ
မှန်သမျှကို ဖျက်ဆီးပစ်ချင်သည်။

တခြားတစ်ယောက်ကိုများ ကွန်းခ
ထပ်စိတ်ဝင်စားသွားခဲ့ရင် ဆိုသည့် အတွေးက
သူ့ကို ဤသို့နှယ် စိတ်ရိုင်းတို့ဝင်စေ၏။

~

မိနစ်အချို့မျှ ကြာသည့်အခါ  တံခါး ဘဲလ်တီးသံကို
ကြားလိုက်ရသည်။

Beyond All Measures  (COMPLETED)Where stories live. Discover now