အပိုင်း(၉)

24.4K 2.2K 195
                                    


စာမေးပွဲကြီး ဖြေပြီးနောက်
ဘုန်းလျှံကွန်းခတို့ ကျောင်းပိတ်သွားပြီဖြစ်သည်။

တခြားအတန်းတွေ ကျောင်းပိတ်သလိုမျိုး
ဘုန်းဇေကောင်းဟန်တို့လို တက္ကသိုလ်ဝင်တန်း
တွေကလည်း ကျောင်းသို့ မသွားကြတော့ဘဲ
အိမ်တွင် ကိုယ်ပိုင် စာကျက်ချိန်ယူနေကြပြီဖြစ်၏။

သို့ဖြစ်၍ အခုရက်ပိုင်း ယံသွန်းညိုက နေ့တိုင်းလိုလိုပင်
ကောင်းဟန်တို့အိမ်ကို မနက်ကတည်းက
ရောက်တတ်လာပြီး ကောင်းဟန်နဲ့အတူ
စာကြည့်၍ ညနေစောင်းမှ
ပြန်သွားတတ်လေသည်။

သူတို့ ကျူရှင်သည်လည်း စာကျက်ဝိုင်းဖွင့်ပေးထားပေမဲ့
နှစ်ယောက်လုံး မသွားချင်သဖြင့် အိမ်တွင်သာ
စာလုပ်ဖြစ်ကြသည်။ယွန်းကတော့ သူတို့ဆီကို
တစ်ခါတလေ လာရုံကလွဲ ကျူရှင်က
စာကျက်ဝိုင်းတွင်သာ သွားကျက်တာများသည်။

နှစ်ယောက်အတူစာလုပ်ကြသည့်အခါ
ယံသွန်းညို နားမလည်တာကို ရှင်းပြရင်း
သူပါတစ်ခေါက်ထပ်လုပ်ဖြစ်ကာ စာပိုနားလည်လာ၍ ကောင်းဟန်ကတော့ သဘောကျလေသည်။

စာမေးပွဲ နီးနေ၍ ကြောက်စိတ်ဝင်လာ၍လား မသိ၊
ယံသွန်းညိုကလည်း အရင်ကထက် စာပို၍ လုပ်လာ၏။

"ကောင်းဟန် မင်းဘယ်တက္ကသိုလ်တက်မယ်လို့
မှန်းထားလဲ" 

နှစ်ယောက်သား Physics မေးခွန်းဟောင်းတွေပြန်လုပ်နေကြရင်းမှ ယံသွန်းညိုကမေးလိုက်သည်။

"မေမေက ဖြစ်နိုင်ရင်တော့ ဆေး ပဲ
တက်စေချင်တယ်တဲ့"

ယံသွန်းညိုရဲ့ လက်ထဲက ဘောပင်ရဲ့ လှုပ်ရှားမှုက
တစ်ချက်ရပ်သွားသည်။

"မင်းကရော တက်ချင်လား"

ကောင်းဟန်က တစ်ချက်ရယ်သည်။

"အင်း ဝင်ရင်ပေါ့။
ငါအရမ်းကြီးတော့ မမှန်းထားပါဘူး"

ကောင်းဟန်က ထိုသို့သာ ပေါ့ပေါ့ပါးပါး
ပြောပေမဲ့ ကောင်းဟန်ရဲ့ အဆင့်နဲ့ဆို
ဆေးတက္ကသိုလ် ထိဝင်နိုင်မှန်း ယံသွန်းညို သိသည်။

"မင်းရော.."

ကောင်းဟန်က မေးလာ၏။
ယံသွန်းညို ခေါင်းယမ်းပြမိသည်။
သူမသိပါ။
ဘယ်တက္ကသိုလ်ကိုတော့ဖြင့် တက်ချင်တယ်
ဆိုတာမျိုးလည်း သူ့စိတ်ထဲမှာမရှိသေး။

Beyond All Measures  (COMPLETED)Where stories live. Discover now