ကျေးဇူးတင်လွှာ
10.7K 775 31
Beyond All Measures လေးကို Lyla 2022
Oct 3 မှာ စရေးခဲ့ပါတယ်။ အခု Feb 3 ရက်မှာတော့
အဆုံးသတ်သွားပါပြီ ။
နောက်တစ်မျိုးပြောရမယ်ဆိုရင်
Lyla က အချိန်တစ်နှစ်ကျော်ကျော်လေးအတွင်းမှာပဲ
RO / HE နဲ့ BAM ကို ရေးခဲ့တာပါ ။
ဒီလောက်ထိ ရေးဖို့အတွက် အင်အားတွေပေးခဲ့တဲ့ စာဖတ်သူ
တစ်ယောက်ချင်းစီတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။
Lyla အမြဲပြောခဲ့သလိုမျိုးပဲ အရာအားလုံးဟာ
Lyla အတွက် လှပတဲ့ အမှတ်တရလေးဖြစ်နေမှာပါ။
Beyond All  Measures ဟာ ရိုးရှင်းတဲ့ ဖန်တီးမှုလေးတစ်ခုပါ။
ချစ်ခြင်းမေတ္တာနဲ့သက်ဆိုင်တဲ့ ခံစားချက်လေးတွေကိုပဲ
ဖတ်ရတဲ့သူတွေ ဂရုဏာသက်အောင် ၊ ချစ်စရာကောင်းအောင်၊
စိတ်အေးချမ်းအောင် Lyla ကြိုးစားရေးထားပါတယ် ။
လက်ရှိဘဝမှာ ခက်ခဲပင်ပန်းလာတိုင်း ဒီကလေးလေးတွေဆီကို
အလည် ပြန်လာလို့ရပါတယ်။
Extra ရှိဦးမှာလား?
ရှိပါတယ်။ RO လောက်တော့ sequel တွေများမှာမဟုတ်ပေမဲ့
BAM မှာလည်း extra ၂ ပိုင်း ရှိပါသေးတယ်။
ဒါပေမဲ့ Lyla အချိန်နည်းနည်းလေးယူပါ့မယ်။
သိတဲ့အတိုင်း အခုက RO ကို စာအုပ်​လေးထုတ်ဖို့ ပြင်ဆင်နေတဲ့
အတွက်ကြောင့် Lyla စိတ်အေးလက်အေးမရှိသေးတဲ့အတွက်
BAM Extra လေးကို Lyla အေးအေးဆေးဆေး ရေးချင်လို့ပါ။
BAM character တွေရဲ့ Married life ဆိုပြီး
သပ်သပ်လာဦးမှာလား?
မလာတော့ပါဘူးရှင်။ RO မှာတုန်းကလိုမျိုး
HE ဆိုပြီး အတွဲဆက်​ရေးဖို့ BAM ကို Lyla မတွေးထားပါဘူး။
အစကတည်းက BAM မှာ အပိုင်းသိပ်မရှည်ဖို့
Lyla တွေးထားလို့ပါ။
နောက်ထပ် creation တစ်ခု ဘယ်အချိန်လာမလဲ?
လေး၊ ငါးလ လောက် ကြာပါဦးမယ်။
မတူညီတဲ့ ဇာတ်အိမ်၊ character တွေကို ချပြဖို့ Lyla
ကြိုးစားချင်သေးသလို power 400 ကျော် ရှိနေပြီဖြစ်တဲ့
Lyla မျက်လုံးရဲ့ screen time ကိုလည်း လျှော့ချင်ပါသေးတယ် ။
အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် စာဖတ်သူတိုင်းကို
ကျေးဇူးတင်ပါတယ် ❤️
BAM နဲ့ သက်ဆိုင်တဲ့ reviews လေးတွေ feedbacks တွေ
ကို လည်း Lyla မျှော်လင့်ခွင့်ရှိရင် မျှော်လင့်နေပါ့မယ် ။
အားလုံးပဲ အစစအရာရာ အဆင်ပြေကြပါစေရှင် 💐
Love u all <3
________________
Oct 3 မှာ စရေးခဲ့ပါတယ်။ အခု Feb 3 ရက်မှာတော့
အဆုံးသတ်သွားပါပြီ ။
Extra ရှိဦးမှာလား?
သပ်သပ်လာဦးမှာလား?
မလာတော့ပါဘူးရှင်။ RO မှာတုန်းကလိုမျိုး
Lyla တွေးထားလို့ပါ။
ကျေးဇူးတင်ပါတယ် ❤️
Love u all <3
________________
Beyond All Measures  (COMPLETED)Where stories live. Discover now