အပိုင်း(၃)

32.2K 2.8K 111
                                    

Diamond Plaza မှာ
ဝယ်စရာရှိတာဝယ်ပြီးသည့်အခါ
ယံသွန်းညို သွားချင်သည်ဆို၍
သူတို့ City Park ( မြို့တော်ဥယျာဉ်)
သို့ လာခဲ့ကြသည်။

သူတို့လေးယောက် city park ထဲသို့ အတူတူ
ဝင်ခဲ့ကြပြီး ရေလွှာမိကျောင်း စီးသည့်နေရာကို ရောက်သည်နှင့်
ယွန်းနဒီလွင်ရဲ့ ဖုန်းဆီမှ ringtone
သံကြားလိုက်သည်။

ထို့နောက် သူမက ဖုန်းခဏပြောကာ
ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ ထွက်သွားဖို့
ပြင်လိုက်တာကြောင့် တောက်လျှောက်
ကြည့်နေမိသည့်ဘုန်းဇေကောင်းဟန်ကပဲ..

"ယွန်း ဘယ်သွားမလို့လဲ"

"ကျူရှင်က မင်းခန့်ကျော်လေ အဲ့ဒါ သူလည်း
သူငယ်ချင်းတွေနဲ့ ဒီရောက်နေလို့
လာတွေ့မယ်ဆိုလို့ ငါ ခဏ သွားလိုက်ဦးမယ်"

ယွန်းနဒီလွင် ပြောလိုက်သည့်အခါ
ဘုန်းဇေကောင်းဟန်၏ မျက်ဝန်းတို့ က
သဘောမကျသည့်သဖွယ်
မှိုင်းညှို့သွား၏။ သက်ပြင်းတစ်ချက်ကိုလည်း
မသိမသာ ချလိုက်ပြီး ..

" ပြန်ရင်ရော ..ငါတို့နဲ့ပြန်မှာမလား"

"ဖုန်းဆက်လိုက်မယ်လေ .. နော်"

"အင်းပါ"

"တာ့တာ.."

ဆံပင်ရှည်ကို ခပ်မြောက်မြောက်လေးစည်းထားပြီး
ဂါဝန်တိုလေး ဝတ်ထားသည့် ယွန်းက
သွက်သွက်လက်လက်ပင် ပြေးထွက်သွားသည်။

ယွန်း၏ ကျောပြင်သေးသေးလေး
ဝေးသွားသည်အထိ ကောင်းဟန်
ငေးကြည့်နေမိ၏။

ဒီကောင်မလေးကို သူ သဘောကျခဲ့တာ ရင်ခုန်သံကို နားလည်တတ်ခဲ့သည့် အရွယ်ကတည်းကပေမဲ့
အခုချိန်ထိ ခံစားချက်တွေကိုတော့
ဖွင့်မပြောဖြစ်ခဲ့သေးပါ။

စာမေးပွဲကြီးပြီး၍ သူတက်ချင်သည့် တက္ကသိုလ်
ကို ရောက်သည့်အခါမှပဲ ချစ်စကား ဖွင့်ဟ ဖို့
တွေးထားမိသည်။

~~

မိနစ်အနည်းငယ်ကြာပြီးနောက်
ယံသွန်းညိုနဲ့ ကွန်းခရဲ့ အသံတိတ်နေသည်ကို
ကောင်းဟန် သတိထားမိ၍ အနောက်ကို
လှည့်ကြည့်လိုက်မိသည့်အခါ
အနီးတွင် မရှိ။

Beyond All Measures  (COMPLETED)Where stories live. Discover now