အခန်း ( ၁ ) _ ကြယ်ကလေးရဲ့ နိဒါန်း

4.6K 101 3
                                    


" သား ဒါက သားရဲ့အမေ ဒေါ်စိုးစိုးအေး လို့ခေါ်တယ် ဟိုဘက်က မေမေ့သမီး ကြယ်ကလေးတဲ့  သူလေးက အခုကစပြီး သားညီမလေးဖြစ်သွားပြီနော် ဖေဖေတို့နဲ့အတူနေမှာ "

ဓူဝံ စာအုပ်ဖတ်နေရာမှ မျက်လုံးတစ်ချက်ပင့်ကြည့်ကာ အပြုံးတွေရွှန်းရွှန်းဝေနေတဲ့ ဖခင်ဖြစ်သူကို ခေါင်းညိတ်ပြလိုက်ပြီး ဆိုဖာပေါ်မှထကာ အိမ်ကြီးရဲ့အပေါ်ထပ်ဆီ တက်လာခဲ့လိုက်တော့သည်။

" ကိုယ့်သားကအဲ့လိုပဲ စိုး အနေအေးတယ် သမီးလေး အဲ့ဒါ သမီးကိုကိုနော် အခုကစပြီး သမီးမှာ ကိုကိုရှိပြီ ကိုကိုနဲ့အတူကစားလို့ရပြီ ပျော်လား.... "

" ဟုတ်ကဲ့ ဖေဖေ....  ကလေး ပျော်ပါတယ်....ကိုကို့နာမည်က ဘာလဲဟင်....."

" ကိုကို့ နာမည်က ​ ဓူဝံခွင်း  လို့ခေါ်တယ် .... "

" ဟုတ်ကဲ့ ဖေဖေ..... "

ဓူဝံ့နောက်ပါးဆီက ကပ်ပါလာတဲ့အသံတွေကို ဥပေက္ခာပြုရင်း အခန်းထဲကိုဝင်ကာ တံခါးကိုလောခ့် ချထားလိုက်တော့သည်။

အစစအရာရာပြည့်စုံလွန်းစွာ မွေးဖွားလာခဲ့သော ဓူဝံ့ဘဝမှာ လူမှန်းသိတတ်စအရွယ်ကတည်းက မိခင်မရှိခဲ့......

ကျန်းမာရေးချုချာတဲ့ မေမေက ဖေဖေ့မျိုးဆက်အတွက် အသက်စွန့်ပြီး ဓူဝံ့ကို ကိုယ်ဝန်ဆောင်မွေးဖွားပေးခဲ့တာပင်....

မိခင်မရှိပဲ တစ်ကိုယ်တည်း ဓူဝံ့ကို ပြုစုစောင့်ရှောက်လာပေးတဲ့ ဖခင်က ဘွားဘွား
ဘယ်လိုတိုက်တွန်း စီစဥ်စီစဥ် နောက်
အိမ်ထောင်မထူထောင်ခဲ့ပေမယ့် အခု ဖေဖေ ရွေးချယ်လိုက်တဲ့အမျိုးသမီးကတော့ တစ်ချိန်က အချစ်ဟောင်းဖြစ်တာကြောင့်လားမသိ ဖေဖေ့မျက်နှာပေါ်မှာ အပြုံးတွေပြည့်နှက်နေသည်။

အသက်  ၉ နှစ်နဲ့မကိုက်ညီအောင်ကို ရင့်ကျက်အရွယ်ရောက်နေခဲ့ပြီဖြစ်သော ဓူဝံ က ဖခင်ဖြစ်သူရဲ့ ရွေးချယ်မှုကို အပြင်းအထန်ကန့်ကွက်ငြင်းဆိုခြင်းမရှိသလို အပြည့်အဝအားပေးထောက်ခံသည်လဲမဟုတ်......

ဒီလက်ထပ်မှုကို ဖေဖေ့ ဘက်က အဘိုးအဘွားတွေက သဘောမကျကြသလို မေမေ့ဘက်က အဘိုးအဘွားတွေကလဲ တူးခါးနေအောင် မုန်းတီးကြသည်မို့ ဓူဝံကပါ စိတ်အနှောင့်အယှက်မပေးလိုတော့တာ
ကြောင့် ထွက်လာခဲ့ရခြင်းပါ......

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now