အပိုင်း _ ၉

1K 50 6
                                    


" ဟင်... "

ခြံထဲကို ကားလေးကွေ့ဝင်လိုက်သည်နှင့် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ဓူဝံ မျက်ခုံးတွေ အလိုမကျစွာတွန့်ချိုးသွားခဲ့ရသည်။

ဆင်ဝင်အောက်မှာရပ်ထားတဲ့ ကားအဖြူလေးဘေးမှာ အထုပ်အပိုးတွေနဲ့ကလေးရဲ့ခါးလေးကနေ သိုင်းဖက်ထားပြီး အိမ်ထဲဝင်သွားတဲ့လူက သူနဲ့လဲစိမ်းနေတဲ့သူတော့မဟုတ်.....

အခုလို မတရားရင်းနှီးနေပုံကိုကြည့်ရတာတော့ ကြယ်ကလေးဟာ လရောင်နဲ့ ဒီ ၉ နှစ်လုံးလုံးမှာ အဆက်အသွယ်ရှိနေခဲ့ပုံရသည်။

သိပ်မကြာလိုက် အိမ်ထဲကနေ လရောင်မင်း ပြန်ထွက်ပြီး သူ့ကားလေးပေါ်တက်ကာ အိမ်ကြီးရှေ့ကပြန်လည်မောင်းထွက်သွားတော့ ကားနောက်ခန်းက ဓူဝံ့ကို တစ်ချက်လှမ်း
ကြည့်သွားသေးသည်။

ဓူဝံ အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲကဆိုဖာမှာပဲ ထိုင်နေတဲ့ ကြယ်လေးက ဖေဖေနဲ့ စကားတွေပြောရင်း ပြုံးရွင်နေရာက သူ့ကိုမြင်သွားပြီး......

" ကိုကို....ဘာလို့ ဒီအချိန်ကြီးပြန်ရောက်လာတာလဲ.... "

" ဖေဖေ သား စာရွက်တစ်ချို့ကျန်ခဲ့လို့ ခဏသွားယူလိုက်ဦးမယ်နော်..... "

" အေးအေး သား.....ဒါနဲ့ သမီးလေး အခုဒီကို အပြီးပြန်လာတာလား.....သမီးဟိုမှာ ဘယ်လိုတွေနေခဲ့လဲ... ဖေဖေ့ကိုပြောပြပါဦး..... "

" နေပါဦး ဖေဖေရယ်...ကလေး အသီးလေးသွားစိတ်လိုက်ဦးမယ်နော် လတ်ဆတ်တုန်းလေး ဖေဖေစားလို့ရအောင်လေ..."

" ဖေဖေ မစားချင်ပါဘူး သမီးရယ်....စကားအရင်ပြောရအောင်ပါ....."

" ဟုတ်.....  ဟုတ်ကဲ့ ဖေဖေ "

ကျန်းမာရေးကသက်သာသလောက်ရှိခဲ့ပြီပေမယ့် အရင်ကလိုသန်မာဖျတ်လတ်စွာ မလှုပ်ရှားနိုင်တော့တဲ့ ဖေဖေ့ကိုကြည့်ကာ ကလေး ဝမ်းနည်းမျက်ရည်တွေဝေ့တက်လာခဲ့ရပေမယ့် အားတင်းကာပြုံးရင်း စကားတွေဖောင်ဖွဲ့နေမိသည်။

ဖေဖေ့ဆီက အားရဝမ်းသာ ရယ်မောသံတို့ထွက်ပေါ်လာသည်ကို နားထောင်ရင်း သူမ ကြမ်းပြင်ပေါ်ဆင်းထိုင်ကာ ဖေဖေ့ရှေ့မှာ လက်အုပ်လေးချီလိုက်ပြီး....

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now