အခန်း _ ( ၃ ) ကြယ်ကလေးရဲ့ သက်ဆိုင်သူ

1.4K 64 2
                                    


" ကိုကို....  ကိုကို ကလေးကို ခေါ်ခိုင်းတယ်ဆို....  ကို.... "

" Happy Birthday to you.....  Happy Birthday to you......  Happy Birthday ချစ်ညီမလေး.... Happy Birthday to you....... "

" ကိုကို့..... "

ကိုကိုခေါ်တယ်ဆိုလို့ အိမ်ပေါ်ထပ်ဝရန်တာဆီ အပြေးလာခဲ့တဲ့ ကြယ်ကလေးတစ်ယောက် အမှောင်ထဲကနေ ဖယောင်းတိုင်လေးတစ်ခုရဲ့အလင်းနဲ့ သိပ်မကြီးတဲ့ ကိတ်
မုန့်လေးကိုကိုင်ပြီးမွေးနေ့သီချင်းဆိုရင်း ထွက်လာတဲ့ကိုကို့ကိုတွေ့လိုက်ရတော့ မျက်ရည်များပင် စို့တက်လာရသည်အထိ......

" ပျော်ရွှင်စရာ ၁၅ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါစေ ကလေး......  လာလာ ဆုတောင်းပြီး ဖယောင်းတိုင်အရင်မှုတ်..... "

ကိုကို့ သတိပေးမှုကြောင့် သူမခေါင်စညိတ်ကာပြုံးလိုက်ရင်း ကိတ်မုန့်လေးရှေးမှာ မျက်လုံးလေးမှိတ်ကာ ဆုတောင်းလိုက်သည်။

အရွယ်ရောက်လာသည်နှင့်အမျှ ချစ်စရာကလေးမလေးပုံစံကနေ ချစ်စရာမိန်းမလှလေးပုံစံကို ကူးပြောင်းလာသော ကြယ်ကလေးကြောင့် သူ့မှာ နေ့စဥ်နဲ့အမျှ ရင်မောရတာလဲအလုပ်တစ်ခုကဲ့သို့ပင်......

လိမ္မာယဥ်ကျေးပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ကြယ်ကလေးကို ဖေဖေ့ဘက်က အဘိုးအဘွားတွေက ကပါ သံယောဇဥ်ဖြစ်နေကြပြီမို့ ဓူဝံ့ ဘွားဘွားရှေ့မှာကလွဲရင် ကြယ်ကလေးက အားလုံးရဲ့အချစ်ခံ လေးပင်.......

ဖေဖေကလဲ သူမအပေါ်သမီးရင်းနဲ့မခြား စောင့်ရှောက်ထားတဲ့အပြင် ဓူဝံ့အနားကလဲ အမြဲမခွဲတမ်းပူးကပ်နေတာကြောင့် သူမလေးရဲ့ အပြုအမူ အကျင့်စရိုက် ပြောင်းလဲမှုတစ်ခုစီတိုင်းကို အနီးကပ်မြင်တွေ့နေရသောကြောင့်
သံယောဇဥ်ပိုတွယ်မိသည်ဆိုလဲမမှား.....

" ဖူး...... "

" သြော် ဆုတောင်းပြီးပြီလား ..... မြန်လိုက်တာ "

ရုတ်တရက် ဖယောင်းတိုင်ထမှုတ်လိုက်တဲ့ သူမကြောင့် အတွေးလွန်နေရာက သတိပြန်ဝင်သွားပြီး သူမေးတော့ သူမလေးက ဓူဝံ့ကို မျက်စောင်းထိုးရင်း.....

" ကလေး ဆုတောင်းတာ အကြာကြီးပါနော် ကိုကို့ဘာသာ မတ်တပ်ကြီး သတိမေ့နေပြီးတော့...  ဘယ်ကောင်မလေးအကြောင်းကို
စဥ်းစားနေလဲမှမသိတာ....  ဟွန့်.... "

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Hikayelerin yaşadığı yer. Şimdi keşfedin