အပိုင်း _ ၁၄

1K 47 2
                                    

ဒုတ် !

" အို..အမေ့..... "

" ဟင် ကြယ်လေး.... "

ရုံးခန်းထောင့်ချိုးမှာ ရုတ်တရက်ဝင်တိုက်မိတော့မှ ခေါင်းငိုက်စိုက်ချလာတဲ့သူမ က ဓူဝံ့
ကိုမော့ကြည့်ပြီး ချက်ချင်းမျက်လွှာချကာ လာရာလမ်းအတိုင်း ပြန်လှည့်သွားဖို့ လုပ်နေတာမို့ သူမလက်ကလေးကိုဖမ်းဆွဲပြီး....

" ဒါက ဘယ်လဲ.... "

" ဟို....ကလေး.. နေ့လည်စာစားဖို့.... "

" အခုမှ ဆယ်နာရီပဲရှိသေးတာလေ.... "

သူ လက်ကနာရီကိုမြှောက်ပြရင်းပြောတော့ ကြယ်လေးက သူဆွဲထားတဲ့လက်ကိုမသိမသာရုန်းရင်း ပတ်ဝန်းကျင်ကိုမလုံမလဲကြည့်ကာ....

" ကလေး ကော်ဖီသွားသောက်မလို့..... "

" အဲ့ဘက်မှာ Toilet ပဲရှိတာလေ....  ကော်ဖီမှမရှိပဲ...... လာခဲ့.... "

" ကိုကို...  ကိုကို နေဦး....  ကိုကို.... "

ကြယ်ကလေး ခပ်တိုးတိုးတားဆီးကာ သူမလက်ကလေးကို ရုန်းနေရင်းပင် ကိုကို ဆွဲခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်ဖြင့် ပါသွားခဲ့ရတော့သည်။

ဒုန်း !

ကိုကိုက ရုံးခန်းတံခါးကိုဆောင့်ပိတ်လိုက်တာမို့  ကြယ်လေးလန့်ကာ ကိုယ်လေးတုန်တက်သွားခဲ့ရသည်။

" ကို....  ကိုကို ဘာ ဘာ လုပ် ဖို့ လိုက်ကာ တွေ ပိတ် နေတာလဲဟင်.... "

မှန်နံရံပေါ်က ကြိုးဆွဲလိုက်ကာလေးတွေက်ိုကာ လေးဘက်လေးတန်လုံးလိုက်ပိတ်နေတဲ့ကိုကို့ကြောင့် သူမ မလုံမလဲကြည့်မိတော့ ကိုကိုက သူမဘက်ကိုလှည့်ကာ ခပ်စူးစူး
ကြည့်လိုက်ပြီး တစ်လှမ်းချင်းတိုးကပ်လာနေသည်။

" ကိုကို....  ဘာဖြစ်လို့လဲ..... "

" ...."

" ကိုကို... "

" မနက်က ဘာလို့ကိုယ့်ကိုမစောင့်ပဲ အရင်ထွက်သွားရတာလဲ...."

ကိုကိုက ခြေတစ်လှမ်းတိုးလာလိုက် သူမကနောက်ဆုတ်လိုက်နဲ့မို့ သူမကိုယ်လေး စားပွဲခုံနဲ့ခံပြီး ထပ်ဆုတ်လို့မရတော့မှ ကိုကိုက သူမရှေ့မှာတည့်တည့်ရပ်ကာ လက်နှစ်ဖက်ကို ခပ်မြင့်မြင့်ပိုက်လိုက်ပြီး စူးစိုက်ကြည့်ကာမေးလာတာမို့...

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now