အပိုင်း_ ၁၈ ( ဇာတ်သိမ်းပိုင်း)

2.7K 71 2
                                    


" ကျေးဇူးတင်ပါတယ် ဦးခွန်သာထက်....."

ဓူဝံ အပြုံးနဲ့လက်ကမ်းပေးလိုက်တော့ ဦးခွန်သာထက်က သူ့ကိုပြန်လည်လက်ဆွဲနှုတ်ဆက်ရင်း.....

" ဦးဓူဝံခွင်းလို ထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဦးစီးတဲ့ တံခွန်အင်ပါယာမှာ ရင်းနှီးမြှုပ်နှံခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်......"

ဧည့်သည်တွေပြန်သွားကြတော့ တစ်မနက်လုံးပြေးလွှားလှုပ်ရှားနေရသမျှ စိတ်ဒုန်းဒုန်းချကာစိတ်မောလူမောဖြင့် ခုံမှာထိုင်ချလိုက်မိသည်။


ဒေါက် ဒေါက် ဒေါက် !!!!

" ဝင်ခဲ့ပါ...."

သူ အသံပြုလိုက်တော့ တံခါးကိုတွန်းဖွင့်ကာဝင်လာတဲ့ ကလေးလက်ထဲမှာ ကော်ဖီခွက်လေးကအသင့်ပါလာခဲ့သည်မို့ မွှေးပျံ့သောကော်ဖီရနံ့ကြောင့် နောက်ကျိနေတဲ့စိတ်တွေ ပြန်လည်လန်းဆန်းသွားရတော့သည်။

" Thank you......"

ကော်ဖီခွက်ကို လှမ်းယူရင်း သူ ကျေးဇူးတင်စကားဆိုလိုက်တော့ ကလေးက ပြုံးကာခေါင်းညိတ်ပြပြီး ဓူဝံ့ မျက်နှာကိုကြည့်ကာတစ်ခုခုပြောချင်နေပုံရတာမို့ သူကပဲ စကားစမေးလိုက်ရသည်။

" ကိုယ့်ကို ဘာပြောစရာရှိလို့လဲ ကလေး...."

" ဟို.....နော့လည်ကျရင် မင်္ဂလာဝတ်စုံသွားစမ်းဝတ်ရမယ် ကိုကို .... အဲ့ဒါ ဘွားဘွားက ကိုကို့ကိုခေါ်သွားပါလို့ပြောတယ်......ဒါပေမယ့် ကလေးဘာသာသူငယ်ချင်းနဲ့သွားလိုက်ပါမယ်.....ကိုကိုကနားနေလိုက်.....ဘွားဘွားမေးရင်သာ...."

" ကောင်းပြီ..... ကိုယ်သိပြီ......"

သူ ခေါင်းညိတ်လက်ခံလိုက်တော့ ကလေးက သူ့အနားကနေပြန်ထွက်သွားတော့သည်။ တံခါးလေးဖွင့်ဖို့ သူမလက်ရွယ်လိုက်တဲ့အချိန်မှာ ဓူဝံ ထရပ်လိုက်ပြီး.......

" လက်ထပ်ဖို့ ကိစ္စကို တကယ်ပဲ ပြန်မစဥ်းစားတော့ဘူးလား ကလေး ...."

" ဟုတ်ကဲ့..... ကလေး သေချာစဥ်းစားပြီး ဆုံးဖြတ်ချက်ချထားတာပါကိုကို....ပြန်စဥ်းစားစရာမလိုတော့ပါဘူး.....ကလေး သွားပြီနော်..."

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Dec 31, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Hikayelerin yaşadığı yer. Şimdi keşfedin