အပိုင်း ( ၆ )

1.1K 59 3
                                    

" သမီး ကြယ်လေး .... လာလေ...... "

သူမ ပျော်ရွှင်စွာကြီးပြင်းနေထိုင်ခဲ့ရတဲ့ အိမ်ကြီးကို နောက်ဆုံးအနေနဲ့လှည့်ကြည့်လိုက်မိသည်။မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေလို့လားပဲမသိ မြင်ကွင်းတွေက ဝေဝါးနေသည်။

သူမပိုင်ဆိုင်မှုဘာတစ်ခုမှမရှိပေမယ့် ကိုကို ကိုယ်တိုင်ပေးထားခဲ့တဲ့ မွေးနေ့လက်ဆောင်လေးတွေကိုတော့ တယုတယ ထုပ်ပိုးသိမ်းဆည်းယူလာခဲ့မိသည်လေ။

သူမရဲ့ ဖခင်ရင်းဟုခေါ်သော ဦးသီဟမင်း က သူမလက်ထဲကအထုပ်လေးကိုလှမ်းယူရင်း သူမလက်မောင်းကဆွဲခေါ်ကာ တံခါးအသင့်ဖွင့်ထားတဲ့ ကားထဲကိုဝင်စေလိုက်ပြီး သူပါ ဝင်ထိုင်လိုက်ကာ ကားရှေ့ခန်းက ဒရိုင်ဘာကို ခပ်လောလောအမိန့်ပေးလိုက်သည်။

" မောင်း....  မောင်းတော့..... "

ခြံဝင်းထဲကကားလေးမောင်းထွက်လာခဲ့ပြီ ဖြစ်သလို အိမ်ကြီးနဲ့ တဖြည်းဖြည်းဝေးလာလေလေ သူမ ရင်ထဲလှိုက်ကနဲဝမ်းနည်းလာကာ မျက်ရည်များသွင်သွင်စီးကျလာခဲ့ရတော့သည်။

မသွားချင်ဘူး.....  ကြယ်ကလေး ဒီအိမ်ကြီးကနေ ထွက်မသွားချင်ဘူး.....

ကိုကို.....

ဖေဖေ......

ကြယ်ကလေးကို တစ်ယောက်ယောက်တားဆီးပေးကြရင် သိပ်ကောင်းမှာပဲ.....

ဒါပေမယ့်.....

ဒါပေမယ့် ဘယ်သူကတားပေးမှာလဲ.....

ဖေဖေက အခုဆို အစိုးရိမ်ရဆုံးအခြေအနေနဲ့ ဆေးရုံက ကုတင်ပေါ်မှာရှိနေမှာ....

ကိုကို....  ကိုကိုကရော.....

အခုအချိန်လောက်ဆို ဖေဖေ့ကိုစိတ်ပူရင်း ကြယ်ကလေးကို မတွေ့ရမယ့်နေရာတစ်ခုခုမှာ ရှောင်နေမှာပေါ့.......

" ရွှတ်.....  သမီး......  သမီး ဖေဖေ့ကို တစ်ခါလောက်တော့ သွားတွေ့ချင်တယ်......"

ကြယ်ကလေးရဲ့ မပွင့်တပွင့်စကားကြောင့်
ဦးသီဟမင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

မိမိရဲ့သွေးသားက တစ်ပါးသူကို အဖေ အဖြစ်ခေါ်နေပေမယ့် သူ့ကိုတော့အခုထိ ဖခင်တစ်ယောက်လို မသတ်မှတ်သေးဘူးမဟုတ်ပါလား.......

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Tahanan ng mga kuwento. Tumuklas ngayon