အပိုင်း _ ၁၅

1.2K 46 3
                                    

ချောက်!

မီးခလုတ်ကိုဖွင့်ကာ အဝတ်အစားပင်မလဲနိုင်ပဲ လရောင် ပင်ပန်းနွမ်းနယ်စွာအိပ်ယာထက် ပစ်လှဲချလိုက်မိသည်။

အစကသူထင်ခဲ့တာ ကြယ်လေး ပြန်ရောက်လာရင် သူ ကြယ်လေးနဲ့ ပိုနီးစပ်ဖို့အ
ခွင့်အရေးရှိမယ်လို့ မျှော်လင့်ထားခဲ့မိခဲ့ပေ
မယ့် အခုတော့ သူ့အတွေးနဲ့ တခြားစီ.....

ထိုနေ့က  အလိုမကျတဲ့မျက်နှာနဲ့ သူ့ကိုကျောခိုင်းကာထွက်သွားတဲ့ ကြယ်လေး ကြောင့် သူအခုထိ သူမဆီဖုန်းဆက်ဖို့တောင်
မဝံ့ရဲခဲ့ဘူး မဟုတ်လား......

လက်ထဲကဖုန်းလေးကို ကိုင်ကာတွေဝေ နေမိတုန်း အနားကိုရောက်လာတဲ့ အိန်ဂျယ်က သူ့ခြေထောက်ကို ခေါင်းလာတိုးနေတာမို့ လှဲနေရာကထလိုက်ပြီး အိန်ဂျယ့် ခေါင်းကို ပွတ်သပ်ရင်း....

" ငါ ဘာဆက်လုပ်ရမလဲ အိန်ဂျယ် ရေ.....  ငါ့နှလုံးသားကို သူမြင်အောင်ဝန်ခံလိုက်ရမလား... မဟုတ်ရင် ထပ်ပြီးစောင့်နေရဦးမှာလား..... "

ဝုတ် ဝုတ်  !!!

အိန်ဂျယ်က လရောင်မျက်နှာကိုကြည့်ကာ ထိုးဟောင်ပြီး အခန်းအပြင်ဆီ ပြန်ပြေးထွက်သွားတာမို့.....

" ဟာ အိန်ဂျယ်.....  ငါ့စကားမဆုံးသေးဘူးလေ....  ပြန်လာခဲ့...... "

တူ တူ တူ  !!!

သူမအတွက်သာ သီးသန့်ထားတဲ့ဖုန်းသံလေးကိုကြားလိုက်ရတော့ အိပ်ယာပေါ်ပစ်တင်ထားမိတဲ့ ဖုန်းကိုအပြေးအလွှားကောက်ယူကာ စိတ်လှုပ်ရှားစွာ ဖုန်းဖြေလိုက်မိသည်။

" ဟယ်လို.....  ကြယ်လေး..... "

" .... "

" အေး ငါအခုထွက်လာခဲ့မယ်..... "

လရောင် ဖုန်းလေးကိုချပြီး လေထဲတစ်ချက်ခုန်ဝေ့ကာ အားရဝမ်းသာရယ်လိုက်ပြီး မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး စိတ်ကျေနပ်တော့မှ အောက်ထပ်ကိုပြေးဆင်းလာခဲ့လိုက်တော့သည်။

" ဒီမှာ... "

" ကြယ်လေး.... နင် ဘယ်လိုလုပ် "

ခြံထဲကထွက်လာလာချင်း သူ့ကိုလက်လှမ်းပြလိုက်တော့ ကြယ်လေးရပ်နေတဲ့နေရာကို အပြေးတပိုင်းသွားရင်း သူ မေးလိုက်မိသည်။

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now