အပိုင်း _ ၈

1K 53 0
                                    


" ကဲ ဒါဆို ကျန်တဲ့အစီရင်ခံစာတွေကို လာမယ့်သောကြာနေ့မှာ အပြီးတင်ပြပေးကြပါ....ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပဲ..... "

" ဟုတ်ကဲ့ပါ Boss.... "

အစည်းအဝေးခန်းထဲက လူတွေအားလုံးထွက်သွားကြတော့မှ ဓူဝံ ဆုံလည်ခုံမှာ ခြေချိတ်ထိုင်နေရာက ထလိုက်ပြီးဘယ်ညာလမ်းလျှောက်ကာ အကြောဆန့်လိုက်ရသည်။ သူ ဒီခုံမှာထိုင်နေတာ နေ့ဝက်ရှိနေပြီလေ.....

ဒေါက် ဒေါက် ဒေါက်  !!!

" ဝင်ခဲ့.... "

" သူဌေး အပြင်မှာ ဧည့်သည်ရောက်နေပါတယ်..."

" ဘယ်သူလဲ..... ဒီနေ့ဧည့်သည်တွေ့ဖို့မရှိပါဘူး..."

အတွင်းရေးမှူးမလေးက ဓူဝံ့ကို ကြည့်ကာခေါင်းလေးတစ်ချက်ကုတ်လိုက်ပြီး.....

" သူဌေးရဲ့ ညီမလို့ပြောပါတယ်..... "

" ဟင်.....  ညီမ?  "

" ဟုတ်ကဲ့ သူဌေး ဝင်လာခိုင်းလိုက်ရမလား...... "

" ပြန်သွားပြောလိုက် ငါအစည်းအဝေးရှ်ိလို့ ဧည့်သည်တွေ့ဖို့ အချိန်မရဘူးလို့.... "

" ဒါပေမယ့် အစည်း အဝေးက......  သြော်  .. ဟုတ် ဟုတ်ကဲ့ပါ သူဌေး ကျွန်မပြောလိုက်ပါမယ်...."

သူမ ပြန်ထွက်သွားတော့ ဓူဝံ  ခြေမခိုင်တော့တာမို့ နီးစပ်ရာခုံတစ်ခုမှာ ဝင်ထိုင်လိုက်ရသည်။

ဒါက ကလေးပဲ......  သူမ ပြန်လာတာနဲ့ ဓူဝံ့ ဆီကို တန်းလာခဲ့တာပဲ....

ဒါပေမယ့် ဒါက ပျော်စရာမှမဟုတ်တာ..... သူမက ဓူဝံ့ ကိုထားသွားခဲ့တဲ့သူလေ..... ညီမ...  ညီမတဲ့လား....  သူမ အခုထိ ဓူဝံ့ကို အစ်ကိုတစ်ယောက်လို့ သတ်မှတ်ထားသေးတာလား.....

၉ နှစ်လုံးလုံး အဆက်အသွယ်မရှိခဲ့ပဲနဲ့လေ....

" ဟက်.... "

ဓူဝံ အသံပင်ထွက်အောင် ရယ်လိုက်မိသည်။ သူ့မြင်ကွင်းထဲ ကလေး IG က ဓာတ်ပုံလေးဝင်လာတော့ သူ့အပြုံးတွေက ပိုအသက်မဲ့သွားတော့သည်။

*********************************

" မိန်းကလေး....  မိန်းကလေး......  ဒီမှာ အိပ်လို့မရဘူး.....  ထပါဦး......  မိန်းကလေး..... "

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now