အပိုင်း _ ၁၀

1.1K 50 3
                                    


" ဘာလိုသေးလို့လဲ မောင်ဓူဝံ... "

မနက်စာဝိုင်းမှာထိုင်ပြီး အချိန်အတော်ကြာသည်အထိ ဟိုမုန့်ကောက်ကိုင်လိုက် ဒီမုန့်ကို ထိုးဆွလိုက်နဲ့ မနက်စာသေချာမစားပဲ အပေါ်ထပ်လှေကားဆီကိုသာ တကြည့်ကြည့်လုပ်နေတဲ့ ဓူဝံကို ဒေါ်ကြီးထွေးမေးလိုက်တော့မှ သူ ခန္ဓာကိုယ်ကို​ပြန်မတ်လိုက်ပြီး....

" ဟို...  တန့်တန့် ဆင်းမလာသေးလို့ပါ..... "

" သြော် မောင်ဓူဝံရဲ့ ဒီနေ့က သမီးလေးတန့်တန့် သွားဆေးခန်းကိုသွားရမယ့်နေ့လေ ကျောင်းမသွားဘူး.... "

" သြော် ဟုတ်လား....  ဒါဆိုနေ့လည်ခင်းကျရင် တန့်တန့်ကို ဆေးခန်းပြဖို့ ပြန်လာခဲ့မယ်လေ.....  ကျွန်တော် အလုပ်သွားတော့မယ် ဒေါ်ကြီးထွေး... "

" အေးအေး....  ဟော မနက်စာတွေလဲ စားမသွားပါလား  ဘာလို့လဲ ဒေါ်ကြီးလုပ်ထားတာ စားလို့မကောင်းဘူးလား မနက်က သမီး ကြယ်လေးလဲ ထိတောင်မထိသွားဘူးရယ်.."

" သူက သွားပြီလား..... "

ဓူဝံ အိမ်ပေါက်ဝရောက်နေမှ နောက်ပြန်လှည့်ကာ မေးလိုက်တော့ ဒေါ်ကြီးထွေးက မနက်စာဝိုင်းကို သိမ်းနေရင်းမှ....

" ဟုတ်တယ်လေ....သမီးကြယ်လေး ဒီနေ့ အလုပ်စဆင်းတာ...သူ့ သူဌေးက တော်တော်ဆက်ဆံရခက်တယ်ကြားတယ်....  အဲ့ဒါကြောင့် အပြစ်ရှာမရအောင် အလုပ်စောစောသွားရမယ်ဆိုပြီး မနက်စာတောင် မစားပဲထွက်သွားတယ်..... "

ဒေါ်ကြီးထွေး စကားအဆုံးမှာ ဓူဝံ့မျက်နှာတစ်ခုလုံး မှောင်မည်းသွားပြီး အိမ်အပြင်ကို
ခြေလှမ်းကြဲကြီးများဖြင့်ထွက်သွားလိုက်ပြီး ကားပေါ်တက်ကာ တံခါးကိုဆောင့်ပိတ်ရင်း....

" မောင်းတော့.... "

သူဌေးဖြစ်သူရဲ့ မိုးပြိုတော့မလိုမသာယာတဲ့ မျက်နှာအမူအယာကြောင့် ကိုရွှေထူးလဲ ဘာစကားမှမပြောရဲတော့ပဲ ကုမ္ပဏီရောက်တဲ့အထိ ကားလေးကို တိတ်ဆိတ်စွာမောင်းနှင်လာခဲ့လိုက်တော့သည်။

************************************

" ဒါက နေ့လည်ခင်း meeting မှာ ဆွေးနွေး
မယ့်အချက်အလက်တွေပါ Boss ဒါက Boss သောက်နေကျ Coffee....  အောက်ထပ်ကဆိုင်က....."

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now