အခန်း ( ၂ ) _ မငိုနဲ့တော့ ကြယ်လေးရေ

1.7K 72 0
                                    

အိပ်ယာထက်မှာ စောင်ခေါင်းမြီးခြုံထားတဲ့ကိုယ်လေးက တသိမ့်သိမ့်တုန်နေတဲ့ ကလေး ကိုကြည့်ပြီး သူ ယူလာတဲ့နွားနို့ခွက်လေးကို ဘေးကခုံပေါ်အရင်တင်လိုက်ပြီးမှ......

" ကလေး.....  နွားနို့လေး ထသောက်ပါဦး ကိုကိုယူလာခဲ့ပေးတယ်.....  ဘာမှမစားပဲငိုနေရင် ကလေး ပင်ပန်းတာပေါ့ .... ခဏလောက်နားပြီး ဒါလေးသောက်ပြီးမှ ဆက်ငိုလေနော်.....  "

သူ့အသံကြောင့် စောင်ပုံထဲက ကလေးမ လှုပ်ရှားသွားပုံအရ မျက်ရည်တွေကို သုတ်နေပုံရသည်မို့ သူပြုံးလိုက်မိသည်။ သို့သော်လဲ ခဏသာ.....

မျက်နှာတစ်ခုလုံး နီမြန်းကာ မျက်လုံးတွေဖောင်းမို့ပြီးအစ်နေတဲ့ ကလေး ကိုမြင်လိုက်ရတော့ ရင်ထဲမှာ မကောင်းလှ..... စာလေးတစ်စောင်လောက်နဲ့ ကလေးကို ထားပစ်ခဲ့နိုင်သော ဒေါ်စိုးစိုးအေး ကိုလဲ ဒေါသထွက်စိတ်တိုရပြန်သည်။

" ကိုကို့....  မေမေက ကလေးကို မလိုချင်တော့ဘူးလားဟင်......  အဲ့ဒါကြောင့် ကလေးကို ထားပစ်ခဲ့တာလားဟင်..... အီးဟီးဟီး....ဟင့် "

" ကလေးရယ်........  အရမ်းငိုထားတာမောနေတော့မယ်.....  ကိုကိုယူလာတဲ့ နို့လေး အရင်သောက်လိုက်နော်.....  လိမ္မာတယ်...  လိမ္မာတယ်...."

သူမ မျက်ရည်တွေကို သုတ်သင်ပေးပြီး နွားနို့ဖန်ခွက်လေးကို လက်ထဲထည့်ပေးလိုက်တော့ ကလေး က နာခံစွာပင် တစ်ကိုယ်လုံးရှိုက်တုန်နေတဲ့ကြားက ကုန်အောင်သောက်ရှာသည်။

အသင့်ယူလာတဲ့ တစ်ရှူးလေးနဲ့ သူမ နှုတ်ခမ်းလေးတွေကို ခပ်ဖွဖွသုတ်နေတဲ့ ဓူဝံ့ကိုကြည့်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ တစ်စုံတစ်ခုကို စဥ်းစားနေပြီးမှ ကလေးက ......

" ကိုကိုက ကလေးကို ဘာလို့ မငိုနဲ့လို့ မချော့တာလဲဟင်.....  ခဏနားပြီးရင် ဘာလို့ဆက်ငိုခိုင်းတာလဲ..... ကိုကိုက ကလေးကို အငိုမတိတ်စေချင်ဘူးလား...... "

" ကိုကိုက ကလေးကို အငိုတိတ်စေချင်တာပေါ့..... ဒါပေမယ့် ကလေး မေမေမရှိတော့ ကလေးဝမ်းနည်းနေမှာလေ အဲ့ဒီလို ကိုကိုလဲ ဝမ်းနည်းဖူးတယ် ငိုဖူးတယ် ဒါကြောင့် ကလေးကို မငိုပါနဲ့လို့ မတားတာပေါ့.....  ကိုကိုက ကလေးကို မငိုစေချင်ပါဘူး...... နောက်ဆိုရင် ကလေးမငိုရအောင် ပျော်ရွှင်နေအောင် ကိုကိုက အကုန်လုပ်ပေးမှာ....  ဒါပေမယ့် မိဘဆိုတာကတော့ အစားထိုးလို့မရဘူးလေ.... ကိုကိုလဲ မတတ်နိုင်ဘူးပေါ့.... "

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now