အခန်း _ ( ၅ )

1.2K 53 3
                                    

" ကိုကို.... "

" ကလေး.... "

သူကားပေါ်ကဆင်းလိုက်သည်နှင့် ကလေးရဲ့ခေါ်သံလေးကြားလိုက်ရတာကြောင့် အသံလာရာဆီလှမ်းကြည့်မိတော့ အိမ်ကြီးရှေ့ကလှေကားထစ်လေးမှာ ငုတ်တုတ်လေးထိုင်နေတဲ့ ကလေးမ.....

" ကလေး ဒီမှာဘာလုပ်နေတာလဲ.....ဟာ တစ်ကိုယ်လုံး အေးစက်နေတာပဲ ဒီမှာဘာလို့ထိုင်နေတာလဲ..... အခုဘယ်နှနာရီရှိနေပြီလဲ သိရဲ့လား...."

သူ စိုးရိမ်ပူပန်စွာ တရစပ်ပြောရင်းက ဆွဲထူလိုက်ကာ တုန်ရင်အေးစက်နေတဲ့ ကလေးရဲ့ ခန္ဓာကိုယ်လေးကို အနွေးဓာတ်ရစေရန်ထွေးဖက်ထားလိုက်ပြီး......

" လာ လာ လာ.....အိမ်ထဲသွားကြမယ်..... "

သူဆွဲခေါ်ရာနောက် ပေကပ်ကပ်လိုက်ပါလာရှာတဲ့ကလေးမကို သူမအခန်းထဲအထိခေါ်သွားပေးပြိး အိပ်ယာပေါ်ထိုင်စေလိုက်ကာ ခြုံစောင်အထူကြီးကိုဆွဲယူပြီး လွှမ်းပေးလိုက်တော့ သူမလေးက သူ့လက်မောင်းတွေကို ဆုပ်ကိုင်ရင်း.....

" ကိုကို့.....ဖေဖေ ဘယ်တော့ပြန်လာမှာလဲ ဟင်..."

မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းလေးထဲမှာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ မျှော်လင့်ချက်ရောင်ခြည်လေးတွေရောယှက်နေသည်။

ကြည့်ရတာ ဖေဖေ အရေးပေါ်ဆေးရုံရောက်သွားရခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းမှန်ကို သူမလေး ကြားပြီးလောက်ပြီထင်ပါရဲ့ ......

" ဖေဖေ မကြာခင်နေပြန်ကောင်းလာမှာပါ......ကလေး အရင်အိပ်လိုက်တော့နော် လိမ္မာတယ်....."

" အဲ့ဒါကဘယ်တော့လဲဟင် ကိုကို....ဖေဖေ ဘယ်တော့နေပြန်ကောင်းမှာလဲ......ဖေဖေ ဘယ်တော့ အိမ်ပြန်လာနိုင်မှာလဲ ကိုကို..... "

သူ စကားစဖြတ်ကာ နှိမ့်သိမ့်ရင်းပြန်ထွက်လာဖို့ကြိုးစားပေမယ့် သူမက သူ့လက်ကိုလွှတ်မပေးပဲ အလောတကြီးထပ်မေးလာတော့ သူ အကြံအိုက်ကာ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်ရင်း.......

" ကလေး အခုအရမ်းညနက်နေပြီ......  အနားယူသင့်ပြီ.....  ကိုကိုလဲအရမ်းပင်ပန်းနေတယ်.... ကိုကိုတို့ မနက်ဖြန်မှသေချာစကားပြောကြမလား......နော်.... "

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now