အပိုင်း _ ၁၂

1K 53 0
                                    

" ကိုကိုတို့ လက်ထပ်တာနဲ့ပါတ်သက်ပြီး နင်ဘာသိထားသေးလဲ လရောင်..... "

စတော်ဘယ်ရီဆိုဒါ ဖျော်ရည်ကိုတစ်ငုံစုပ်ရင်း အချိတ်အဆက်မရှိမေးလိုက်တဲ့ ကြယ်လေး စကားကြောင့် လရောင်ပါးစပ်ထဲက ပုစွန် အစိမ်းသုပ်ကိုမျိုချမိလိုက်ရင်း....

" ဘာမှထွေထွေထူးထူး မကြားလိုက်ဘူး.... သူတို့က လက်ထပ်ပွဲလဲမလုပ်ဘူးလေ ဒီတိုင်း လူနည်းစုလောက်နဲ့ အဖြစ်ပဲ လုပ်လိုက်တာမို့ ဘယ်သူမှသိပ်မသိလိုက်ကြဘူး....ဝန်ထမ်းတွေပြောကြတာတော့ ဓူဝံခွင်းရဲ့ အဘွား ဒေါ်
သော်တာဆင့်မြိုင်က ဒီလက်ထပ်ပွဲကို သဘောမတူဘူးလို့ပြောကြတယ်.... တစ်ချို့ကလဲ..... "

"တစ်ချို့က ဘာဖြစ်လဲ..... "

စကားကိုဆက်မပြောပဲ ကြယ်လေး မျက်နှာကိုကြည့်ကာ ရပ်ထားတဲ့ လရောင်ကို သူမ အားမလိုအားမရစကားထောက်ကာမေးလိုက်တော့ လရောင်က လေသံကိုနှိမ့်ချပြီး...

" ကိုယ်ဝန်ရသွားလို့ အမြန်လက်ထပ်လိုက်ရတာလို့ပြောကြတယ်.... "

" မဖြစ်နိုင်တာ...  ကိုကိုက အဲ့ဒီလိုလူမဟုတ်ဘူး.... "

" ရှူး....  ငါ သိပါတယ် နင်အဲ့လိုပြောမှာကို...  ငါလဲ ကြားထားတဲ့အတိုင်းပြောပြတာလေ ကြယ်လေးရယ်..... "

တကယ်ပဲ ကြယ်ကလေး မျက်နှာဟာ အလိုမကျမှုတို့ပြည့်နှက်နေခဲ့ပါသည်။ သူမ သိတဲ့ ကိုကိုက ဒီလိုသိက္ခာမရှိတဲ့ လုပ်ရပ်မျိုးကို လုပ်မယ့်သူမဟုတ်တာတော့သေချာသည်။

ဒါပေမယ့်လဲ ကိုကိုက မဧကရီကို မျက်နှာချင်းပင်မဆိုင်ချင်အောင်အထိ မလိုလားနေတာက ဘာအကြောင်းကြောင့်များပါလိမ့်...

ကိုကို့ကို အခုလိုအဆင်မပြေတဲ့ အိမ်ထောင်ရေးနဲ့ မသာယာတဲ့မိသားစုဘဝကို ဖြတ်သန်းနေတာမြင်ရတော့ ကြယ်ကလေး မပျော်ရွှင်နိုင်ပါ မိဘတွေကြားက မြေစာပင်ဖြစ်ရရှာမည့် တူမလေး တန့်တန့်ကိုလဲ သနားကြင်နာမိသည်။

" စားလို့ပြီးပြီလား ပြန်ကြစို့.... "

" အေးပါဟ ပြီးပါပြီ.... "

ကြယ်ကလေး ခပ်လောလောထရပ်ရင်း ငွေရှင်းဖို့ပြင်တော့ လရောင်လဲစားလက်စတွေကို လက်စသတ်ပြီး သူမနောက် ကမန်း
ကတန်း ထလိုက်သွားရင်း နှုတ်ကလဲ....

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now