အပိုင်း _ ၁၃

1K 49 0
                                    

" ကိုကို တောင်းပန်ပါတယ် ကလေး.... "

" ရပါတယ်....ကိုကို့ အမှားမှမဟုတ်တာ...."

သူမလက်ကလေးတွေအခုထိ တုန်ရင်နေသေးပေမယ့်လဲ စိတ်ပျက်လက်ပျက်ထိုင်ကာ ခေါင်းငိုက်စိုက်ချပြီး တောင်းပန်စကားဆိုနေတဲ့သူ့ကိုပြန်ပြီး နှစ်သိမ့်ပြုံးလေးပြုံးပြနေသေးသည်။

" ဒါနဲ့ ကိုကို...  ဦးမဟာ တို့နဲ့ ညစာစားဖို့... "

" ရတယ်...  ကိုယ် ဖုန်းဆက်ပြီးတောင်းပန်ထားလိုက်မယ်.... "

" မဟုတ်တာ....  ကလေးသွားဆက်လိုက်....  အင့်..... "

သူမထိုင်နေရာကထပြီး အခန်းထဲဝင်လာတုန်းက နီးရာခုံပေါ် ကိုကိုပစ်တင်ထားလိုက်တဲ့ သူမအိတ်လေးဆီသွားဖို့အလုပ် ကိုကိုက သူမ လက်ကလေးကိုလှမ်းဆွဲလိုက်တာ
ကြောင့် ကိုကို့ရင်ခွင်ထဲ ယိုင်ကျသွားရပြီး သူမ ကိုယ်ပေါ်က ကိုကို့အင်္ကျီပါ လျောကျသွားတာမို့ ပခုံးသားဝင်းဝင်းတွေကနေ ဖြူဖွေးနုဖပ်နေတဲ့ လက်မောင်းတစ်ဝက်လောက်အထိ လစ်ဟာသွားခဲ့ရသည်....

" အား....  ကိုကို မကြည့်နဲ့.....  မျက်လုံးမှိတ်ထား.... "

သူမ ရုတ်တရက်မို့ အဝတ်ကို ပြန်ဆွဲမတင်မိပဲ ကိုကို့မျက်နှာကို လက်ကလှမ်းအုပ်လိုက်တာကြောင့် ဆိုဖာနောက်မှီပေါ် တင်ပါးလွှဲထိုင်နေတဲ့ ကိုကိုက နောက်ပြန်လဲကျသွားပြီး သူမကိုပါ သူ့ရင်ခွင်ထဲဆွဲချသွားသလိုဖြစ်သွားတာမို့ နှစ်ယောက်သား လုံးထွေးပြီးဆိုဖာပေါ် ပြုတ်ကျသွားတော့သည်။

" အမေ့... "

ဒုတ်!

ဒုတ်!

ဒုတ်!

သူမ လက်ဖဝါးလေးထောက်မိထားတဲ့ ကိုကို့ ရင်ဘတ်ထဲက ပြင်းထန်တဲ့နှလုံးခုန်သံကို ခံစားမိပြီးနောက် ကြယ်လေး ကိုကို့ရင်ဘတ်ကို လက်နဲ့ထောက်ကာ အမြန်ထရပ်လိုက်တော့သည်။

" အား....  ကျွတ် ကျွတ် ကျွတ်.... "

သူမ အားလေးနဲ့ဖိလိုက်တာကြောင့် နာကျင်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ဖိကာ ကိုကို ပြန်ထိုင်လိုက်တော့ သေသပ်စွာဖြီးသင်ထားတဲ့ ဆံပင်တွေက နဖူးထက်မှာ ဖရိုဖရဲပြန့်ကြဲကျလာတာမို့ သူမ ငေးကနဲ.....

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now